စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 4, 2012

မြန်မာနိုင်ငံသို့ ဒေါ်လာတသောင်း သယ်ဆောင်ခွင့် ရပြီး


နိုင်ငံခြား ခရီးသွားများ၊ ပြည်ပရောက် မြန်မာများကို ဒေါ်လာတသောင်း (သို့) ဒေါ်လာတသောင်းနှင့် ညီမျှသော နိုင်ငံခြားငွေများကို သယ်ဆောင်ခွင့်ပြုကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာ ပါသည်။

“ ဒေါ်လာတသောင်းနှင့် အထက်ဆိုရင်တော့ အကောက်အခွန်ဌာနကို အသိပေးရမှာဖြစ်ပါတယ်။ ဒါကဧပြီလ တရက်နေ့မှာ စတင်ခွင့်ပြုလိုက်တဲ့ ငွေလဲနှုန်းရဲ့ နောက်ဆက်တွဲ ခွင့်ပြုချက်တွေပါ။ အရင်တုန်းကတော့ ဒေါ်လာနှစ်ထောင်ဘဲ သယ်ခွင့်ပြုခဲ့ပါတယ်။ ” ဗဟိုဘဏ်အရာရှိက ပြောသွားခြင်း ဖြစ်ပါသည်။

မြန်မာ့ ဗဟိုဘဏ်သည်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံသူများ၊ ပြည်ပရောက်မြန်မာနိုင်ငံသားများကို ရည် ရွယ်ပြီး ငွေကြေးရေး စနစ်များကို ပြုပြင်ပြောင်းလဲနေခြင်းဖြစ်သည်ဟု ဆိုပါသည်။ ငွေရေး စနစ်ပေါ်တွင် မှီနေသော ခရီးသွားလုပ်ငန်း၊ အွန်လိုင်း ဗီဇာလုပ်ငန်းများကို တွင်ကျယ်စေမည်ဟု ဆိုပါသည်။

ခရီးသည် (၄) သိန်းကျော်သာ ရှိနေသည့် မြန်မာနိုင်ငံသည်၊ ယခုနှစ် ခရီးသွားလာရေးတွင် ခရီးသည်ပေါင်း (၆) သိန်းခန့်ရှိ လာခဲ့သည်ဟု ခရီးသွားလုပ်ငန်း အတွင်းရေးမှူး ဦးဝင်းထွန်းက ဆိုပါသည်။

ရွှေဟင်္သာ သတင်းဌာန

0 comments: