စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 4, 2012

ပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန် အာဆီယံ တောင်းဆို


ကမ္ဘော ဒီးယားနိုင်ငံ ဖနွမ်ပင်မြို့၌ ကျင်းပနေသော အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အပြီးတွင် အာဆီယံက မြန်မာနိုင်ငံအား ပိတ်ဆို့ထား မှုများကို ရုတ်သိမ်းပေး သင့်ကြောင်း နိုင်ငံတကာ အသိုင်း အ၀ိုင်းကို တိုက်တွန်း လိုက်သည်ဟု AP သတင်းတွင် ပါရှိသည်။

မြန်မာ အစိုးရသည်၊ လွတ်လပ်ပြီး တရားမျတသည့် ရွေးကောက်ပွဲကိုလည်း ကျင်းပပေးပြီး ဖြစ်ပါသည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်လည်း အနိုင်ရရှိခဲ့ပြီး ဖြစ်သည့်အတွက် အနောက်တိုင်းနိုင်ငံများ၏ ပိတ်ဆို့မှုများရုပ်သိမ်းရန် တောင်းဆိုခဲ့ခြင်းဖြစ်ပါသည်။

ဤတောင်းဆိုမှုသည်၊ ဖနွမ်းပင်မြို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့သည့် နှစ်ပတ်လည် အာဆီယံ ထိပ်သီးဆွေးနွေးပွဲအပြီးတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေး ၀န်ကြီးကောင်ကင်မ်ဟွန် ကလည်း “အာဆီယံခေါင်းဆောင်တွေဟာ ပိတ်ဆို့မှုတွေ ရုပ်သိမ်း ပေးခြင်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီပြောင်း လဲရေးဖြစ်စဉ်အတွက် အပြုသဘော ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည် နေပါတယ်”ဟု ဆိုပါသည်။


အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီနတ်တယ် လီဂါဝါ ကလည်း ပိတ်ဆို့မှုများသည် လူသားမဆန်သည့်လုပ်ရပ်ဖြစ်ကာ တစ်ခါ တစ်ရံတွင် ၎င်းတို့ဦးတည်သည့် ပစ်မှတ်များကို ထိခိုက်စေခြင်းမရှိကြောင်း၊ ယခုအချိန်သည် ပိတ်ဆို့အရေး ယူမှုများ ရုပ် သိမ်းရမည့်အချိန်ဖြစ်ကြောင်း ဆိုပါသည်။

ဤကဲ့သို့ဖြစ်ပါက ပြီးဆုံးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲသည်၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ရည်မှန်းခြင်းထက် ပိတ်ဆို့မှုများ ရုတ်သိမ်းရေးသည်သာ အဓိကဖြစ်နေပါသည်။

- AFP/VOA

0 comments: