နေပြည်တော်တရားလွှတ်တော်ချုပ်က မနက်ဖန် ပေးမယ့် တရားလွှတ်တော်ရှေ့နေလက်မှတ်ပေးပွဲ အစီအစဉ်ကို ဖျက်လိုက်လို့ လျှောက်ထားသူ မြန်မာနိုင်ငံ ဒေသအသီးသီးက အထက်တန်းရှေ့နေ ၇၀ ဟာ မကြေမနပ် ဖြစ်နေကြပြီး နေပြည်တော်ကို ဒီနေ့စုဝေးရောက်လာကြတယ်လို့ သိရပါတယ်။
ဧပြီလတရက်နေ့က အသစ်ထုတ်ပြန်လိုက်တဲ့ အခွန်ဥပဒေသစ်အရ တရားလွှတ်တော်ရှေ့နေလိုင်စင်လျှောက်တဲ့ တံဆိပ်ခေါင်းကြေးကို ကျပ် ၃၀၀၀ ကနေ ကျပ်တသိန်း ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ ဒါပေမယ့်လိုင်စင်လျှောက်လွှာမှာကပ်ဖို့ တသိန်းတန် တံဆိပ်ခေါင်း အခွန်ဦးစီးက မထုတ်သေးတာကြောင့် တရားလွှတ်တော်ရှေ့နေလက်မှတ်ပေးပွဲကို ရွှေ့ဆိုင်းလိုက်တာလို့ သိရပါတယ်။
အထက်တန်းရှေ့နေတွေဟာ လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက တရားလွှတ်တော်လိုင်စင်လျှောက်ထားခဲ့ကြတာဖြစ်ပြီး
တရားဥပဒေမှာ နောက်ကြောင်းပြန်အကျိုးသက်ရောက်မှုမရှိစေရဆိုတဲ့ပြဌာန်းချက်ကိုဆန့်ကျင်နေတယ်လို့
လျှောက်ထားသူတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ပျဉ်းမနားမြို့က တရားလွှတ်တော်ရှေ့နေကြီးတဦးက ပြောပါတယ်။
"ပြီးခဲ့တဲ့နှစ်က ဧပြီတို့ ဘာတို့ ... လွန်ခဲ့တဲ့ တနှစ်၊ တနှစ်ကျော် တချို့ဆို ၂ နှစ်လောက်က လျှောက်ထားတာဗျ။ အဲဒီတုန်းကဥပဒေကတော့ တံဆိပ်ခေါင်းက ၃၀၀၀ ဘဲဆောင်ရတယ်။ အဲတော့ အဲဒါကိုအသိမှတ်လဲ ပြုပြီးပြီ ပေါ့ဗျာ။ အခုကျမှအဲလိုတသိန်းဆောင်ရမယ်ဆိုတော့ ဒါနောက်ကြောင်းပြန်အကျိုးသက်ရောက်မှုမရှိစေရဆိုတဲ့ ပြဌာန်းချက်ကိုဆန့်ကျင်တယ်ဆိုပြီးတော့ သူတို့က အခုအဲဒါကို မကျေနပ်ဘူး။"
ဒီကိစ္စနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေလျှောက်ထားသူ ၂၀ ကျော် နေပြည်တော်က တရားသူကြီးချုပ်ကို သွားရောက်တွေ့ဆုံပေမယ့် အကြောင်းမထူးဘူးလို့ ပျဉ်းမနားမြို့ တရားလွှတ်တော်ရှေ့နေကြီးက ပြောပါတယ်။
တရားသူကြီးချုပ်နဲ့ သူတို့တွေ့သွားတယ်။ တရားသူကြီးချုပ်ကလဲဘဲ သူတို့ဆုံးဖြတ်တဲ့အတိုင်းပေါ့ဗျာ ... မနက်ဖြန်ပေးရမယ့်ပွဲကို မပေးတော့ဘူးတဲ့နော်။ မေလ ၇ ရက်နေ့မှာ အဲဒီ ခေါင်းတသိန်း နောက်ဆုံးသွင်း ... သွင်းပြီးတော့ မေလ ၁၄ ရက်နေ့မှာ အခန်းအနားနဲ့ပေးမယ်တဲ့ သူက။
တရားလွှတ်တော်ရှေ့နေလျှောက်ထားသူတွေဟာ ဒီကိစ္စကိုမကြေနပ်လို့ ရန်ကုန်မှာ သတင်းစာရှင်းပွဲ လုပ်အုန်းမယ်လို့လဲ စုံစမ်းသိရှိရပါတယ်။
RFA Burmese
Welcome to SeekaHost
10 months ago










0 comments:
Post a Comment