စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, April 4, 2012

ဝင်းကုန်းကျေးရွာ မီးဘေး ဒေါ်အောင်ဆန်းစုကြည်လှု




(Photo: မုံရွာမောင်မောင် @iCJ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ၂၉-၃-၂၀၁၂ တွင် စစ်ကိုင်းတိုင်းမုံရွာခရိုင် ယင်းမာမြို့နယ် ကျပ်အုပ်စု မင်းကုန်းကျေးရွာ ရွာလုံးကျွတ်မီးဘေးအတွက် ကျပ်သိန်း ၁၀၀ ကိုလှူဒါန်းရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကိုယ်စား စစ်ကိုင်းတိုင်းပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ဒေါ်ခင်စန်းလှိုင်၊ မုံရွာဦးအောင်ရှင်နှင့် ဗဟိုအောင်နိုင်ရေးအထောက်အကူပြုအဖွဲ့ ဦးမောင်မောင်ဦးတို့မှ ၃-၄-၂၀၁၂ တွင် ယင်းမာပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ဒေသခံများပူးပေါင်းဖွဲ့စည်းထားသောကျေးရွာရေရရှိရေးကော်မတီသို့ ရေရရှိရေးနှင့် ရေစက်တပ်ဆင်ရေးတို့အတွက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

တရွာလုံးနီးပါး မီလောင်ပြာကျခဲ့တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာက မီးဘေးဒုက္ခသည်တွေ အတွက် အမိုးအကာနဲ့ သောက်သုံးရေ အရေးပေါ်လိုအပ်နေကြောင်း ရွှေဘိုမြို့အခြေစိုက် ရွှေခြင်္သေ့လူမှုစောင့် ရှောက်ရေးအဖွဲ့က အကူအညီတောင်းခံထားပါတယ်။ ၀င်းကုန်းရွာမှာ မတ်လ ၂၉ ရက်နေ့က မီးလောင် မှုဖြစ်ပြိး အိမ်ခြေ ၄၀၀ ကျော် ရှိတဲ့အနက် အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။ အခုအခါ မီးဘေးဒုက္ခ သည်တွေဟာ အမိုးအကာမရှိဘဲ ပူးပြင်းတဲ့နေရောင်အောက်မှာ နေထိုင်ရသလို မိုးရွာယင်လည်း အခက်အခဲ ရှိနေပါတယ်။ ဒါ့အပြင် သောက်သုံးရေ မလုံလောက်ဘူးလို့ သိရပါတယ်။ ဒီ့အတွက် ဖုန်းနံပါတ် ၀၉ ၂၂၁၀ ၅၉၂ ကိုအောင်ဇော်မျိုးဥိး ရွှေဘိုမြို့  ရွေမြန်မာစိုက်ပျိုးရေးပစ္စည်းဆိုင်နဲ့ ဖုန်းနံပါတ် ၀၉ ၄၇၀ ၆၀ ၁၄၅ ၊ ၀၉ ၂၁၀၀ ၀၉၁ ရွှေခြင်္သေ့ လူမှုစောင့်ရှောက်ရေးအဖွဲ့တွေကို ဆက်သွယ်လှူဒါန်းကြဖို့ နိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့က တရွာလုံးနီးပါးမီးလောင်သွားတဲ့ စစ်ကိုင်းတိုင်း ဝင်းကုန်းရွာက မီးဘေးဒုက္ခသည်တွေကို နာရေးကူညီမှုအသင်း-ရန်ကုန် က တအိမ်ထောင် ကျပ်ငွေ ၃ သောင်းနှုန်းနဲ့ စုစုပေါင်း သိန်း ၅၀ သွားရောက် လှူဒါန်းခဲ့ပါတယ်။

အဲဒီရွာဟာ မူလကတည်းကရေရှားတဲ့အတွက် အခုလိုရုတ်တရက်မီးလောင်တဲ့အခါ မီးသတ်ဖို့ ရေအလုံအလောက်မရှိပဲ တရွာလုံးနီးပါးလောင်သွားတာလို့ နာရေးကူညီမှုအသင်း ဥက္ကဌ ရုပ်ရှင်မင်းသား ဦးကျော်သူ က ပြောပါတယ်။

အဲဒီနေ့က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပုလဲမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အနုပညာရှင်တွေက မဲပညာပေးစည်းရုံးရေးနဲ့ဖျော်ဖြေရေးပွဲကျင်းပနေတာပါ။ ဒီပွဲကို ရွာသားတွေသွားရောက်ကြည့်ရှုနေတုန်းမှာ ရွာမီးလောင်သွားတာဖြစ်ပါတယ်။

မီးဘေးကြောင့် လူပေါင်း ၁ ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး၊ လောလောဆယ်တော့ သူတို့ကို မီးမလောင်ပဲကျန်ခဲ့တဲ့ သီရိမင်္ဂလာဘုန်းကြီးကျောင်းမှာ ခေတ္တနေရာစီစဉ်ပေးထားပါတယ်။

အဲဒီဝင်းကုန်းရွာမီးဘေးသင့်ပြည်သူတွေအတွက် အဝတ်အထည်၊ စားသောက်စရာတွေအပြင် ပြန်လည်ထူထောင်ရေးအတွက်အကူအညီလိုနေတယ်လို့သိရပါတယ်။

0 comments: