စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, January 10, 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ခွင့်လျှောက်လွှာ ။။ ( ပုံစံ )




ဇန်န၀ါရီလ ၉ ရက်နေ့မှစတင်ပြီး NLD ပါတီဝင် လျှောက်လွှာများကို မြန်မာ တစ်နိုင်ငံလုံးသို့ ဖြန့်ဝေမည်ဖြစ်ကြောင်း ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ဆိုပါသည်။ ယင်းပါတီဝင်လျှောက်လွှာတွင်လည်း ကိုယ်ရေးရာဇဝင် အကျဉ်းကဲ့သို့ သော အကြောင်း အရာများသာ ပါဝင်မည်ဖြစ်ပါသည်။ ပါတီဝင်လျှောက်လွှာကိုလည်း ပုံနှိပ်ခအဖြစ် ကျပ်တရာနှင့် ရောင်းချသွားမည်ဖြစ်ပါသည်။

NLD ပါတီဝင်အဟောင်းများသည် အသစ်တည်ထောင်လိုက်သည့် ပါတီတွင် ပါတီဝင်အဖြစ် ပြန်လည်လျှောက်ထားရမည် ဖြစ်ပြီး ပါတီဝင် လျှောက်လွှာများကို ပထမ အသုတ် အနေဖြင့် စောင်ရေ တစ်သန်းနီးပါး ဖြန့်ဝေသွားမည်ဟု သိရပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဇန္နာဝါရီ (၅)ရက်နေ့တွင် နိုင်ငံရေး ပါတီအဖြစ် ပါတီမှတ်ပုံတင်ခြင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုလိုက်ပြီး ဤကဲ့သို့ NLD ပါတီ ပြန်လည်မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်မည့် သမိုင်းဝင် ဆုံးဖြတ်ချက်အား ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ချမှတ်ခဲ့သည်။

Ah Bayah အားကျေးဇူးတင်ရှိပါသည်..

0 comments: