စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 4, 2012

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၂၄ လမ်းရှိ သုံထပ်တိုက်တစ်ခု၏ ညာဖက် အပေါ်ဆုံးထပ် ကြမ်းခင်းပြိုကျမှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၁၂၄ လမ်း အတွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်မထားသော သုံးထပ်တိုက်တစ်လုံး၌ အတွင်းခန်းအချို့ အလိုအလျောက်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကြိုတင်သိရှိခဲ့သည့်အတွက် တိုက်တွင်နေထိုင်သူများ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါတိုက်မှာ ၃ ထပ်တိုက် အခန်း ၆ ခန်းပါဝင်သည့် တိုက်ခန်းအမျိုးအစားဖြစ်ပြီး ယခုပြိုကျမှုဖြစ်ပွားသည့်အခန်းမှာ အပေါ်ဆုံးထပ် အခန်းတစ်ခုမှဖြစ်ကြောင်း သိရသည်။

''မပြိုကျခင်မှာ မီးဖိုချောင်ဘက်မှာ သဲတွေကျလာလို့ ပြိုမယ်ထင်ပြီး အောက်ထပ်တွေကို ဆင်းပြီးပြေးပြောတယ်။ အားလုံးအပြင်ထွက်နေဖို့အတွက်။ အဲဒီအချိန် အောက်ထပ်မှာကလည်း ထမင်းဟင်းချက်နေကြတာလေ။ အားလုံး အပြင်ထွက်ပြီးတာနဲ့သိပ်မကြာဘူး ပြိုကျတယ်။ ကျွန်မတို့က အပေါ်ဆုံးထပ်မှာနေတာ။ အပေါ်ဆုံးထပ်က အိမ်သာရေချိုးခန်းကျွံကျတာပါ။ ဟိုတစ်ရက် စက်ဆန်းမှာ မီးလောင်ပေါက်ကွဲတဲ့အချိန်မှာ ပေါက်ကွဲတဲ့ အရှိန်ကြောင့် အဲဒီကတည်းက တိုက်ခန်းနံရံတွေ အက်ကြောင်း ထင်သွားတယ်၊ အိမ်သာရေးချိုးခန်း တံခါးတွေ ပိတ်မရဘူးဖြစ်သွားတယ်။ အခုကျတော့ သဲတွေစကျလာပြီး နံရံဘက်က စပြိုတယ်၊ နောက်ကျွံကျတယ်''ဟု ပြိုကျခဲ့သည့် အခန်းမှ မဥမ္မာက ပြောကြားခဲ့ပါသည်။

''တိုက်ဘက်ကို မျက်နှာမူထားရင်တော့ ဘယ်ဘက်အပေါ်ဆုံးခန်းပါ။ တိုက်ဘက်က ပြန်ကြည့်ရင်တော့ ညာဘက်ပေါ့။ အရင်ကတော့ အဲဒီတိုက်က သုံးထပ်မဟုတ်ဘူး။ နောက်မှ အပေါ်ထပ်တွေ ထပ်တင်ထားတာတော့ ကျွန်တော်တို့သိတယ်။ အန္တရာယ်ရှိ အဆောက်အအုံတော့မ ဟုတ်ဘူး'' ဟု ၁၂၄ လမ်းတွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။

0 comments: