

နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု စတင်
ဇန်န၀ါရီ ၇၊ ၂၀၁၂ ၊ နံနက် ၁၀ နာရီ
“နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု” အဖွဲ့ခေါင်းစဉ်ဖြင့် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များ အိမ်သို့ သွားရောက်အားပေးသည့် လှုပ်ရှားမှုကို ယနေ့စတင်လိုက်သည်။
ယခုလှုပ်ရှားမှုတွင် အကျဉ်းသားမိသားစု ကွန်ရက်၊ Generation Wave ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့တို့မှ ပါဝင်သည်။ နံနက် ၈ နာရီ ၃၀ တွင် တာမွေပလာဇာရှေ့မှ လူအင်အား ၁၀၀ ၀န်းကျင်ခန့်ဖြင့် စတင်ထွက်ခွာထွက်ခွာကြသည်။ ပထမဦးဆုံး တာမွေဗလီအနီးရှိ ဦးကျော်မင်း (CRPP အဖွဲ့ဝင်) အိမ်သို့ သွားရောက်သည်ဟု သိရသည်။ နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၁၅ ဦး၏ နေအိမ်များသို့ သွားရောက်မည်ဟု သိရသည်။
Yangon Press International
Welcome to SeekaHost
10 months ago










0 comments:
Post a Comment