စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, January 8, 2012

ရေဆွဲ၊ ရေလောင်းစရာမလိုသည့် ဇီဝအိမ်သာ အိန္ဒိယတွင်သုံးစွဲမည်



ဟိမ၀န္တာရေခဲပြင်ပေါ်တွင် စောင့်ကြပ်ရသော အိန္ဒိယစစ်သားများအတွက် ဖန်တီးထားခဲ့သော ရေဆွဲ၊ ရေလောင်းစရာမလိုသည့် ဇီဝအိမ်သာကို ကုမ္ပဏီများနှင့် ဆင်းရဲသော ပြည်နယ်များသို့ ဖြန့်ဝေပေးကာ နိုင်ငံတစ်လွှား တွင် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ဇီဝအိမ်သာသည် အိန္ဒိယကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (ဒီအာရ်ဒီအို) မှ တီထွင်ထားသည့် နည်းပညာ ၂၀၀ ကျော်အနက်မှ တစ်ခုဖြစ်ပြီး အိန္ဒိယပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုအသင်းမှတစ်ဆင့် ဖြန့်ချိသွားမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာအတွင်းက နှစ်ဖက်ရရှိခဲ့သော သဘောတူညီချက်အရ ဒီအာရ်ဒီအို မှ နည်းပညာပစ္စည်း ၁၀ မျိုးခန့်ကို အများပြည်သူသုံးရန် ဖြန့်ဖြူးသွား မည်ဖြစ်သည်။ အထူးပြုလုပ်ထားသော ကန်အတွင်း တွင် လူ့အညစ်အကြေးများနှင့် ကိုယ်တိုင်ပွားနိုင်သော ဘက်တီးရီးယားတစ်မျိုးကို ရောနှောစေခြင်းဖြင့် မီသိန်းဓာတ်ငွေ့နှင့် ရေကို ဖြစ်ပေါ်စေသည့် နည်းပညာသုံးသော အိမ်သာဖြစ်သည်။

အပူချိန် အနုတ် ၅၀ ဒီဂရီ အထိ အေးခဲသော ပိုင်ဆိုင်မှုအငြင်းပွား ကက်ရှ်မီးယားဒေသရှိ ပေ ၂၀၈၀၀၀ မြင့်သော ရေခဲပြင်များရှိသည့် ဆီယာချန်အရပ်တွင် တပ်စွဲရသော အိန္ဒိယစစ်သားများအတွက် ယင်းအိမ်သာကို တီထွင်ထုတ်လုပ်ပေးခြင်းဖြစ်သည်။ ယခင်က တပ်စွဲထားသောစစ်သားများမှ စွန့်ထုတ်သော အညစ်အကြေးများမှာ ရေခဲ ပြင်များ အရည်ပျော်ချိန်တွင် ရေနှင့် အတူမျောပါပြီး မြစ်ရေကို ညစ်ညမ်းစေခြင်းကြောင့် ယင်းအိမ်သာကို တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

တောင်ပေါ်တွင်သုံးသည့် အိမ်သာတွင်မူ အန္တာတိကတိုက်တွင် တွေ့ရသော ဘက်တီးရီးယားမျိုးကို သုံးခဲ့ပြီး ယခုအသုံးပြုရာတွင်မူ အပူပိုင်းလွင်ပြင်များတွင် တွေ့ရသော ဘက်တီးရီးယားတစ်မျိုးကို သုံးမည်ဖြစ်သည်။

Ref: AFP

0 comments: