စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, January 7, 2012

ဂျော့ဆိုရော့စ် မြန်မာနိုင်ငံတွင်အခြေစိုက်ရုံးခန်းဖွင့်တော့မည်


မြန်မာနိုင်ငံတော် သမတ ဦးသိန်းစိန်၊ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန် ဘီလျံနာသူဌေးကြီး ဂျော့ ဆိုရော့စ်က သူ၏ ပရဟိတလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံအခြေစိုက် ရုံးခန်းဖွင့်လှစ်ရန် သဘောတူညီခဲ့သည်ဟု ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။ ၂၀၁၁ ဒီဇင်ဘာ ၂၆ မှ ၂၀၁၂ ဇန်န၀ါရီ ၃ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်မှ အပြန်တွင် ဆိုရော့စ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ “တံခါးပိတ်ထားတဲ့ အခြေအနေကနေ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ပြောင်းလဲနေတာပါ”ဟု

သူကပြောသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်နှင့်ပတ်သက်၍ ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြောင်း ယင်းကပြောပါသေးသည်။ “ကျွန်တော်ရဲ့ ဖောင်ဒေးရှင်းဟာ ဒီမိုကရေစီအရေးတွေအတွက် နှစ်၂၀လောက်ပံ့ပိုး ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖြစ်တာကတော့ ခုမှ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပွင့်လင်းမှုနဲ့ပတ်သက်တဲ့ အရိပ်နိမိတ်တွေအတွက် ကျွန်တော် အင်မတန်မှကိုကြေနပ်အားရမိပါတယ်။ လောလောဆယ်မှာတော့ ထိပ်ပိုင်းရဲ့ စေတနာကောင်းတွေနဲ့ အောက်ခြေပိုင်းရဲ့ အခြေအနေတွေအကြားမှာ တော် တော်လေး ကွာဟမှုရှိနေပါသေးတယ်”ဟု ဂျော့ ဆိုရော့စ်ကပြောသည်။

PN-002
ref: George Soros to open first Burma office(AFP)

popularmyanmar.com

0 comments: