စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, January 7, 2012

IMF ဇန်နဝါရီ ၉ ရက်နေ့ လာမည်၊ အစိုးရ အဖွဲ့အပြင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင် များနှင့်ပါ တွေ့မည်

စီးပွားရေး ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်း ဆွေးနွေးရန် အတွက် အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) မြန်မာနိုင်ငံသို့ ယ္ခုလ ၉ ရက်နေ့ ရောက်ရှိ မည် ဖြစ်ကြောင်း ကုန်သည်/စက်မှု အသင်း ချုပ်မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။
ယ္ခု ရောက်ရှိလာမည့် အဖွဲ့ (IMF) သည် ဇန်နဝါရီ ၁ဝ ရက်မှ စတင်၍ ပြည်တွင်းမှ သက်ဆိုင်ရာ ဝန်ကြီး ဌာနများ အပါအဝင် ပုဂ္ဂလိက စီးပွားရေး အဖွဲ့စည်းများနှင့် ပါ တွေ့ဆုံ၍ လက်ရှိ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အခြေနေများကို အသေးစိတ် မေးမြန်း ဆွေးနွေး သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်း ဆွေးနွေးမှု၏ ရလာဒ် များ ကိုလည်း IMF Report တွင် တင်ပြမည် ဖြစ်၍ မြန်မာနိုင်ငံ ၏ စီးပွားရေး ဆိုင်ရာ အခွင့်လမ်းနှင့် လုပ်သာ ကိုင်သာ ရှိမှု များကို နိုင်ငံတကာမှ သိရှိလာနိုင်ရာ ပြည် တွင်း မှ လုပ်ငန်းရှင်များ အတွက် နိုင်ငံတကာနှင့် စီးပွားရေး အရ ပူးပေါင်း ဆောင်ရွက် နိုင်ခွင့်များ ယ္ခုထက် ပိုမို ရရှိလာနိုင်သည်ဟု အထက်ပါ ပုဂ္ဂိုလ်က သုံးသပ်သည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) အနေဖြင့် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် အတွင်းကလည်း မြန်မာနိုင်ငံသို့ လာရောက်ကာ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု အခြေနေများ နှင့် ငွေကြေး ဆိုင်ရာ ကိစ္စရပ် များကို တွေ့ဆုံ မေးမြန်း သွားခဲ့ကြောင်း သိရသည်။
ယ္ခုရောက်ရှိမည့် အဖွဲ့ (IMF) သည် ၂၆ ရက်နေ့၌ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

စံကျော်

popularmyanmar.com

0 comments: