စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, January 8, 2012

ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေး လုပ်ငန်းများ တရားဝင် အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူ



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင် ဘီလျံနာ သူဌေးဂျော့ဆိုးရော့စ်သည် မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေး လုပ်ငန်းများ တရားဝင်အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း Open Society Foundations ၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ဘီလျံနာသူဌေး ဂျော့ဆိုးရော့စ် နှင့် မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၂၀၁၂ ခုနှစ် ဇန်န၀ါ ရီလ ၃ ရက်နေ့အထိ လာရောက် လည်ပတ်ခဲ့သည်။ ဂျော့ဆိုးရော့စ် သည် ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ သမ္မတအကြံပေးများ၊ အရပ်ဘက် လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

“ကျွန်တော့်ရဲ့ ဖောင်ဒေးရှင်းကနေပြီး ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ထောက်ခံအားပေးလာတာ အနှစ် ၂၀ လောက် ရှိပါပြီ။ ဒါပေမယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးတာဟာ ဒါပထမဆုံးပါ” ဟု ဂျော့ဆိုးရော့စ်က ပြောကြားခဲ့ပါသည်။

ဂျော့ဆိုးရော့စ်၏ Open Socie ty Foundations မှ မြန်မာပရောဂျက်သည် ၁၉၉၄ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံအတွင်း အခြေအနေ များကို နိုင်ငံတကာမှ သိရှိနားလည်မှု ပိုမိုလာရန်နှင့် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များအား ကူညီထောက်ပံ့ရန် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ဂျော့ဆိုးရော့စ်၏ ခရီးစဉ်ရလဒ်အရ ဂျော့ဆိုးရော့စ်သည် မြန်မာနိုင်ငံတွင် ပိုမိုပွင့်လင်းသည့် လူ့အဖွဲ့အစည်းသို့ ပြောင်းလဲရာတွင် ကူညီရန် မြန်မာနိုင်ငံတွင် ကူညီထောက်ပံ့ရေး လုပ်ငန်းများ တရားဝင်အခြေစိုက် ထူထောင်ဆောင်ရွက်ရန် သဘောတူညီခဲ့သည်။

Open Society Foundations သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့အတွက် ဒေသခံများနှင့် ပူးတွဲဆောင်ရွက်လျက် ရှိကြောင်းလည်း သိရှိရပါသည်။


Eleven media group

0 comments: