စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, January 8, 2012

အင်္ဂလန်နိုင်ငံမှ Standard Chartered ဘဏ်အပါအ၀င် ဥရောပနှင့် အမေရိကန်ဘဏ် အချို့ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း ဆောင်ရွက်ရန် ပြင်ဆင်

Standard Chartered ဘဏ်ခွဲတစ်ခုကို တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် တွေ့ရစဉ်



အင်္ဂလန်နိုင်ငံမှ Standard Chartered ဘဏ်အပါအ၀င် ဥရောပနှင့် အမေရိကန်ဘဏ်အချို့ မြန်မာနိုင်ငံ တွင် ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် ပြည်တွင်းဘဏ် လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်း ရရှိပါသည်။

“Standard Chartered ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ ဟိုးအရင်ကတည်းက ဘဏ်လုပ်ငန်းဆောင်ရွက် ဖူးပါတယ်။ တကယ်လို့သာ အဲဒီမှာပြန်ပြီး လုပ်ခွင့်ရမယ်ဆိုရင် အလွန် ကို ၀မ်းမြောက်ဝမ်းသာ ဖြစ်စရာပါ” ဟုStandard Charteredဘဏ် ၏ အာရှဒေသဆိုင်ရာ စီအီးအို Mr Jaspal Bindra က ဟောင်ကောင် ဂျာနယ်လစ်များနှင့် တွေ့ဆုံပွဲတွင်ထည့်သွင်းပြောကြားခဲ့ပြီး Bloomberg သတင်းတွင်ဖော်ပြခဲ့ပါသည်။

Mr Jaspal Bindra က မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းဆောင်ရွက်ရန် အတွက် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပေးမှုအပေါ် မူတည်ကြောင်း ထည့်သွင်းပြောကြားပါသည်။ “ကျွန်တော် တစ်ဦးတည်းရဲ့အမြင်ကိုပြောရမယ်ဆိုရင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုက ၂၀၁၂ အတွင်းမှာ ရုပ်သိမ်းပေးမယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

Standard Chartered ဘဏ်အနေဖြင့် မြန်မာနှင့်မြောက်ကိုရီးယားနိုင်ငံတို့မှလွဲ၍ အာရှနိုင်ငံများတွင် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေပြီး အမြတ်ငွေ၏ သုံးပုံနှစ်ပုံကို အာရှဒေသ မှ ရရှိနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင် ပါလီမန်ခေတ်က ဘဏ်ခွဲလာရောက် ဖွင့်လှစ်ခဲ့ဖူးပြီး ယခင်အစိုးရ လက်ထက် ၁၉၉၄ ခုနှစ်တွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခဲ့ဖူးပြီး ၂၀၀၂ ခုနှစ်နောက်ပိုင်း ပြန်လည် ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်း ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ထားသော ဘဏ်များသည် အာရှအခြေစိုက်ဘဏ်များသာ ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၊ အင်္ဂလန် နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဒိန်းမတ်နိုင်ငံစသည့် အမေရိကနှင့် ဥရောပဒေသမှ ထိပ်ပိုင်းအဆင့်တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံကဲ့သို့ စီးပွားရေး အင်အားကြီးနိုင်ငံမှ ထိပ်ပိုင်းအဆင့် တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ တရားဝင် ရောက်ရှိခဲ့ခြင်းကြောင့် ပိတ်ဆို့မှုရုပ်သိမ်းပါက မြန်မာနိုင်ငံတွင် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် စိတ်ဝင်တစား ပြင်ဆင်နေကြကြောင်း သတင်းရရှိပါသည်။

နိုင်ငံခြားဘဏ်တစ်ခု၏ ကိုယ်စားလှယ် ရုံးခွဲတာဝန်ခံတစ်ဦးကလည်း “မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလုပ်ချင်တဲ့ နိုင်ငံတကာဘဏ်တွေ အများကြီးပါ။ အခုအာရှဘဏ်တွေအပြင် အမေရိကန်၊ ဂျပန်နဲ့ဥရောပတွေပါ ပြင်ဆင်လာကြတာ တွေ့ရတယ်။ ဘဏ်အချင်းချင်းလည်း ချိတ်ဆက်ပြီး လှမ်းမေးကြတာရှိတယ်။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းရင် အများကြီး ၀င်လာနိုင်တယ်။ ဒီမှာတော့ အခုထိ ကိုယ်စားလှယ်ရုံးခွဲ အထိပဲ နိုင်ငံတကာ ဘဏ်တွေကို ဖွင့်ခွင့်ပေးထားတော့ ဘဏ်ခွဲအဆင့်ဖွင့်လို့ရအောင် စောင့်နေရဆဲ အခြေအနေမှာပဲ ရှိသေးတယ်”ဟု ရှင်းပြပါသည်။

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံသို့ နိုင်ငံတကာဘဏ် ၃၀ ၀န်းကျင် ကိုယ်စားလှယ်ရုံး လာရောက် ဖွင့်လှစ်ထားကြောင်း၊ အခြား တစ်ဖက်တွင်လည်း တာဝန်ရှိသူများ က နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရသော ပြည်တွင်းဘဏ်များ နိုင်ငံတကာအဆင့် လည်ပတ်နိုင်မှသာ နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲအဖြစ် ဖွင့်လှစ်ခွင့်ပြုမည်ဟု မူဝါဒချမှတ်ထားကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရပါသည်။

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းဆောင်ရွက်မှု အများဆုံး ဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်မှ ဒုဥက္ကဋ္ဌ ဦးသန်းလွင်က “ StandardChartered ဘဏ်ဆိုတာက ကမ္ဘာ့အင်အားကြီး ဘဏ်တစ်ခုပါ။ စူပါဘဏ်လို့ခေါ် ရတဲ့ဘဏ်ကြီးပါ။ အရင်ကလည်း မြန်မာပြည်ကို လာဖူးတဲ့ဘဏ်ပါ။ အခုလိုပြန်လာမယ်ဆိုတာ ၀မ်းသာစရာပါ။ မြန်မာနိုင်ငံကို အကောင်း ပြန်မြင်လာတဲ့ သဘောလို့ယူဆပါတယ်။ ဒီလို ကမ္ဘာ့အဆင့်ဘဏ်ကြီး တွေပြန်ဝင်လာရင် မြန်မာဘဏ် လုပ်ငန်းဝန်းကျင် ပိုတိုးတက်လာနိုင်သလို တစ်ဖက်ကလည်း မြန်မာဘဏ်တွေ ရဲ့အရည်အချင်းကို နိုင်ငံတကာအဆင့် သွားနိုင်အောင် ပိုကြိုးစားဖို့လိုပါတယ်” ဟု သုံးသပ်ပါသည်။

Eleven media group

0 comments: