စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, January 10, 2012

အန်အယ်လ်ဒီ ပါတီခေါင်းဆောင်နှင့်ဖွဲ့စည်းပုံကြေညာ

NLD announce party structure and position

ဇန်န၀ါရီ ၉၊ ၂၀၁၂ (YPI)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇန်န၀ါရီလ ၅ ရက်နေ့တွင် ပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုလိုက်ပြီး ရက်အနည်းငယ်အကြာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ၏ ခေါင်းဆောင်အမည်နှင့် ဖွဲ့စည်းပုံကို ယနေ့အသိပေးကြေညာလိုက်ပြီဖြစ်သည်။

အသက် ၈၀ အထက်ရှိသည့် အန်အယ်လ်ဒီ ပါတီခေါင်းဆောင်ပိုင်းကို သဘာပတိအဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းလိုက်ပြီး သဘာပတိ အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် သူရဦးတင်ဦးဖြစ်လာကာ ဒေါ်အောင်ဆန်းစုကြည်က CEC ဟုခေါ်ဆိုသည့် ဗဟိုဦးစီးအဖွဲ့၏ ဥက္ကဋ္ဌဖြစ်လာသည်ဟု CEC အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောသည်။

CEC အဖွဲ့ဝင်ထဲတွင် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးထွန်းထွန်းဟိန်၊ ဦးဟန်သာမြင့်၊ ဒေါက်တာ မေ၀င်းမြင့်နှင့် ဦးဝင်းမြင့်တို့ပါဝင်၍ သဘာပတိ အဖွဲ့တွင်မူ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနှင့် ဦးလှဖေတို့ပါဝင်သည်။

ဦးဉာဏ်ဝင်းက “ အန်အယ်လ်ဒီဖွဲ့စည်းပုံအရ CEC အဖွဲ့အပေါ်မှာ သဘာပတိအဖွဲ့ရှိမယ်၊ ဥက္ကဋ္ဌက ဦးတင်ဦး အဲဒီအောက်မှာ CEC ရှိမယ်၊ ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်၊ ကျန်တာက အဖွဲ့ဝင်တွေပါမယ်၊ ၁ရက် ၂ ရက်အတွင်း ကြေညာစာရွက်ထွက်မယ်” ဟု ပြောသည်။

ပါတီခေါင်းဆောင်ပိုင်း ဖွဲ့စည်းပုံနှင့် တာဝန်တို့ကိုကြေညာသည့် နေ့မှာပင် ပါတီဝင်လျှောက်လွှာများကို စတင်ရောင်းချလိုက်သည်ဟုလည်း ဦးဉာဏ်ဝင်းကပြောသည်။ ယနေ့လောလောဆယ် စောင်ရေ ၁သိန်းရောင်းချပြီး ယင်းအရေအတွက်ထဲမှ နယ်မြို့အန်အယ်လ်ဒီရုံးများကလည်း လာယူသွားကြပြီး တပြိုင်ထည်းရောင်းချပေးမည်ဖြစ်သည်ဟု လည်း၎င်းကပြောသည်။

လျှောက်လွှာတစောင် ကျပ် ၁၀၀ သတ်မှတ်ထားပြီး ဓါတ်ပုံ ၃ ပုံနှင့် ကိုယ်ရေးအချက်အလက်အချို့ကိုဖြည့် သွင်းရမည်ဖြစ်သည်။ အန်အယ်လ်ဒီပါတီ၏ အရေးယူမှု ခံရခြင်းရှိမရှိ ဖြည့်သွင်းရန် ဖေါ်ပြထားကာ အန်အယ်လ်ဒီပါတီ တပါတီထည်း၏ အသင်းဝင်သာဖြစ်ကြောင်း ၀န်ခံချက်စာသား လည်းပါရှိသည်ကိုတွေ့ရသည်။

အန်အယ်လ်ဒီပါတီ အနေနှင့် ပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုပြီး သီတင်းပတ်အနည်းငယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ နေရာ ၄၈ နေရာတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းရန်ကိုလည်း ဖိတ်ခေါ်ထားပြီ ဖြစ်သည်။

ယခင်လကုန်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဧပြီလ ၁ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ရက်ကိုကြေညာလိုက်ပြီး ကိုယ်စားလှယ်လောင်းများ အနေဖြင့် ဇန်န၀ါရီ ၁၆ ရက်မှ ၃၁ ရက်အတွင်း စာရင်းတင်သွင်းရန်လည်း ဖေါ်ပြထားသည်။

ပါတီ CEC အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကော့မှူးမြို့နယ်မှ ၀င်ရောက်အရွေးခံရန် သေချာသလောက် ရှိသည်ဟုလည်း ဦးဉာဏ်ဝင်းက ယနေ့နံနက်ပိုင်းက အတည်ပြုပြောဆိုသည်။ ။


Yangon Press International

0 comments: