စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, January 10, 2012

ကျပ်နှစ်သိန်းခွဲဝန်းကျင် GSM မိုဘိုင်းဖုန်းများအား မတ်လမှသာ စတင်ချထားပေးမည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ်နှစ်သိန်းဝန်းကျင်ဖြင့် ချထားပေးမည့် GSM မိုဘိုင်းဖုန်းများအား ၂၀၁၂ ခုနှစ် မတ်လမှသာ စတင်ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဌာနမှ အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားသည်။

အဆိုပါ ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများ ထပ်မံချထားပေးမည့် စီမံကိန်းအား ၂၀၁၁ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့၌ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းမှာမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရသည်။

"ပြီးခဲ့တဲ့ဇူလိုင်လ ၂၇ရက်နေ့မှာ ဒီစီမံကိန်းကို စလုပ်ခဲ့ပါတယ်။ လာမယ့် ၂၀၁၂ ဖေဖော်ဝါရီလအကုန် မတ်လထဲမှာ ပြည်သူတွေလက်ထဲကို ရောင်းပေးနိုင်တော့မှာပါ။ ဈေးနှုန်းကတော့ အရင်ပြောခဲ့တဲ့အတိုင်း နှစ်သိန်းခွဲဝန်းကျင်ပဲ ဖြစ်မှာပါ။ ခုထိဈေးနှုန်းတိတိကျကျတော့ တွက်ထားတာ မရှိသေးဘူး။ ဖုန်းလိုင်းချထားပေးမှု များပြားလာတာနဲ့အမျှ ဈေးနှုန်းတွေလည်းအခုထက် ပိုမိုလျှော့ချပေးသွားဖို့ ရှိပါတယ်။ ဒီဖုန်းတွေကိုလက်ရှိရောင်းနေတဲ့ ငါးသိန်းဖုန်းတွေအတိုင်းပဲ ရောင်းပေးသွားမယ်။ ရောင်းဈေးတစ်ခုပဲ အတိအကျ မသတ်မှတ်ရသေးတာပါ။ ပြောခလည်းငါးဆယ်ပဲ။ အင်တာနက်ဝန်ဆောင်မှုကိုလည်း နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး မြို့ကြီးတွေအပြင် အခြားမြို့ကြီးတွေမှာလည်း သုံးလို့ရမှာပါ။ အင်တာနက် အသုံးပြုခလည်း တစ်မိနစ်ကို လေးကျပ်ပဲ ကောက်ခံမှာပါ" ဟု မိုဘိုင်းဖုန်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောကြားသည်။

အဆိုပါထပ်မံချထားပေးမည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများမှာ ယခင်ချထားပေးခဲ့သည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများထက် နည်းပညာပိုင်းအရ မြင့်မားမည်ဟုသိရပြီး လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချထားပေးခဲ့သည့်ဂျီအက်စ်အမ်မိုဘိုင်းဖုန်း အရေအတွက်စုစုပေါင်းမှာ ခြောက်သိန်းခွဲကျော် ရှိကြောင်းလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

Eleven media group

0 comments: