စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, January 10, 2012

ကြည့်မြင်တိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေလွှဲ/ပို့အလုပ်ရုံတစ်ခုမှ ကျပ်သိန်းပေါင်း ၆၆၀၀ ကျော် လိမ်လည်မှုဖြစ်ပွား

ကြည်မြင်တိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေလွှဲ/ ပို့ အလုပ်ရုံတစ်ခုမှ ပြည်ပနိုင်ငံသို့ ငွေလွှဲပို့သည့် ငွေကျပ်သိန်းပေါင်း ၆၆၀၀ ကျော်အား လိမ်လည်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ်အ တွင်းကိုရဲနိုင်(၃၅)နှစ် ဒေါပုံမြို့နယ်နေသူသည် ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးရပ်ကွက်ကွမ်း ရွဲတန်းလမ်း အမှတ်/၈၂ ရှိ နိုင်ငံခြားငွေလွှဲ/ပို့ လုပ်ငန်းသူ ဒေါ်ယဉ်ယဉ်အေး (၄၂) နှစ်၊ ဒေါ်စိုးစိုးသန်း(၄၀)နှစ် (လိပ် စာတူ)နှင့် ဦးပြုံး(၆၀)နှစ် ရွှေကမ္ဘာအိမ်ယာ မင်းဓမ္မလမ်း (၃) ရပ်ကွက် မရမ်းကုန်းမြို့နယ်နေသူတို့သုံးဦး ရုံးခန်းဖွင့်လှစ်လုပ်ကိုင်သည့် နိုင်ငံခြားငွေလွှဲ/ပို့သည့် အလုပ်ရုံးမှ စင်ကာပူနိုင်ငံသို့ ငွေအကြိမ်ကြိမ်လွှဲ ပို့ခဲ့ရာ ၂၀၁၁ ခုနှစ်ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ငွေကျပ်သိန်း ၁၇၂၀၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် နေ့တွင် ငွေကျပ် ၁၉၈၆၇၅၀၀၀ ၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ငွေကျပ် ၂၉၃၀၃၅၀၀၀ ၊စုစုပေါင်း ကျပ် ၆၆၃၇၁၀၀၀၀ အား စင်္ကာပူနိုင်ငံရှိ ကိုအောင်မင်းထွန်း(Golden Trade Link Co. Ltd;)၊ အမှတ် ၁၁၁၊ North Bride Road 0815 Peninsula Plaza ထံသို့ ငွေလွှဲပို့ပေးရန် ဒေါ်ယဉ်ယဉ်အေးပါသုံးဦးထံသို့ ပေးအပ်ခဲ့ရာ ၎င်းတို့ သုံးဦးမှငွေလက်ခံရရှိကြောင်း လက် မှတ်ရေးထိုးပေးခဲ့သော်လည်း စင်္ကာ ပူနိုင်ငံရှိ ကိုအောင်မင်းထွန်းထံသို့ ငွေလွှဲပြောင်းရောက်ရှိခြင်းမရှိသဖြင့် အဆိုပါသုံးဦးထံသို့ သွားရောက်စုံစမ်းရာ အတွေ့မခံဘဲ တိမ်းရှောင်နေကြောင်းသိရသည်။

ယင်းကဲ့သို့အတွေ့မခံဘဲ တိမ်းရှောင်နေသည့် ၎င်းတို့သုံးဦးအပေါ် အရေးယူပေးရန် တရားလိုပြု တိုင်ကြားမှုအား ကြည်မြင်တိုင်ရဲစခန်း (ပ)၄/၂၀၁၂၊ ပုဒ်မ-၄၂၀ ဖြင့် ဇန်န၀ါရီလ ၂ရက်နေ့တွင် အမှုဖွင့်ပြီး တရားခံများကို ဖမ်းဆီးရမိရန် စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Eleven media group

0 comments: