စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, January 8, 2012

အီရန်ရေတပ်က လာမည့်လတွင် ဟော်မုဇ်ရေလက်ကြား၌ စစ်ရေးလေ့ကျင့်မှု ထပ်လုပ်မည်

အီရန်တော်လှန်ရေးအစောင့်တပ်သည် မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားတွင် ဖေဖော်ဝါရီလ၌ ရေတပ်စစ်ရေးလေ့ကျင့်မှု ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း Fars သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ရေနံတင်သင်္ဘောများ တတိယအများဆုံးသွားလာသော လမ်းကြောင်းဖြစ်သည့် ယင်းရေလက်ကြားအနီး ၁၀ ရက်ကြာ ရေတပ်စစ်ရေးလေ့ကျင့်မှုအပြီး နှစ်ရက်အကြာ ဇန်န၀ါရီ ၅ ရက်နေ့တွင် ယင်းကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ တီဟီရန်အစိုးရတာဝန်ရှိသူ အချို့က ဟော်မုဇ်ရေလက်ကြား ကိုပိတ်ပစ်မည် ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် အီရန်ရေတပ်၏ စစ်ရေးလေ့ကျင့်မှုများကို နိုင်ငံကာက စောင့်ကြည့်နေသည်။ ထပ်မံပြုလုပ်မည့် ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ နှစ်စဉ်ပြုလုပ်နေကျ The Great Prophet အမည်ရ စစ်ရေးလေ့ကျင့်မှု ခုနစ်ကြိမ်မြောက်ဖြစ်ကြောင်း တော်လှန်ရေးအစောင့်တပ် ရေတပ်ဗိုလ်မှူးကြီး အလီဖာဒက်ဗီက ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းစစ်ရေးလေ့ကျင့်မှုမှာ ယခင်စစ်ရေးလေ့ကျင့်မှုများနှင့် ခြားနားမည်ဟု ပြောကြားခဲ့သော်လည်း အတိအကျ ထုတ်ဖော်မပြောခဲ့ပေ။

အီရန်တော်လှန်ရေးအစောင့်တပ်မှာ အင်အားအကြီးဆုံး အီရန်စစ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပုံမှန်စစ်တပ်ကဲ့သို့ ကြည်း၊ ရေ၊ လေတပ်များရှိကာ ဒုံးကျည်စီမံကိန်းများကို တာဝန်ယူထားသည်။ အီရန်သည် စစ်ရေးလေ့ကျင့်မှုများကို မကြာခဏပြုလုပ်လေ့ရှိပြီး စစ်ရေးအင်အားနှင့် ကာကွယ်ရေးစွမ်းရည်ကို ပြသရန်ရည်ရွယ်ကြောင်း သိရသည်။ အမေရိကန်သည် အီရန်အပေါ် မကြာသေးမီက ပိတ်ဆို့အရေးယူမှု ထပ်မံချမှတ်ခဲ့ပြီး အီရန်နျူအဆောက်အဦများကို စစ်ရေးဖြင့်တိုက်ခိုက်မည့် နည်းလမ်းကိုလည်း ပယ်ချထားခြင်းမရှိဘဲ လိုအပ်ပါက အသုံးပြုဖွယ်ရှိနေသည်။

Ref:AP

0 comments: