စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, January 8, 2012

ကချင်ပြည်နယ်အတွင်း ကျောက်စိမ်း၊ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကွက်သစ် ချထားပေးခြင်းကို ဆက်လက်ရပ်ဆိုင်း

ရွှေတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်ရာ မြစ်ဆုံဒေသတစ်နေရာကို ၂၀၁၁ ခုနှစ်အတွင်းက တွေ့ရစဉ်


ကချင်ပြည်နယ်အတွင်း ကျောက်စိမ်း၊ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများအား အသစ်ချထားပေးခြင်းကို ဆက်လက်ရပ်ဆိုင်းထားကြောင်း လုပ်ငန်းရှင်အချို့ထံမှ သတင်းရရှိပါသည်။

ကချင်ပြည်နယ်သည် ကျောက် စိမ်း၊ ရွှေ စသည့် သယံဇာတများ များပြားစွာ ထွက်ရှိရာဒေသဖြစ်ပြီး ကျောက်စိမ်းတူးဖော်ခြင်းကို လုံးခင်း-ဖားကန့်ဒေသ၊ ရွှေတူးဖော်ခြင်းကို ပူတာအိုမြို့နယ်၊ တနိုင်းမြို့နယ်၊ ဗန်းမော်မြို့နယ် နှင့် မန်စီ၊ ရွှေကူမြို့နယ်များ၊ မြစ်ကြီးနားမြို့နယ်ရှိ မြစ်ဆုံဒေသစသည်တို့၌ လုပ်ကိုင်လျက်ရှိကြသည်ဟု သိရသည်။

''လုပ်ငန်းသစ်ချထားပေးတာကို ၂၀၁၁ တုန်းကတည်းက ရပ်ထားတာပါ။ နယ်မြေအခြေအနေကြောင့်လို့ သိရတယ်။ အခုနှစ်မှာ လည်း ရပ်ဆိုင်းထားတုန်းပါပဲ။ အ သစ်ထပ်မချပေးသေးပါဘူး''ဟု က ချင်ပြည်နယ်တွင် ရွှေတူးဖော်ရေး လုပ်ငန်းကို လုပ်ကိုင်နေသူတစ်ဦးက ပြောပြသည်။ကျောက်စိမ်း၊ ရွှေ သတ္တုတူး ဖော်ရေးလုပ်ငန်းများအတွက် လုပ် ကွက်သစ်များ ချထားပေးခြင်းကို ရပ်ဆိုင်းထားပြီး ယခင်ချထားပေးခဲ့သော လုပ်ကွက်များ ကိုသာ ဆက်လက်လုပ်ကိုင်နေကြသည်ဟု သိရှိရသည်။ နယ်မြေအနေအထား မငြိမ်သက်မှုများကြောင့် ၂၀၁၁ ခုနှစ်အတွင်း ကျောက်စိမ်း၊ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းများတွင် စားသောက်ကုန် ရရှိရန်ခက်ခဲမှုများ၊ လုပ်သားရရှိရန် ခက်ခဲမှုများကိုလည်း ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် ကျောက်မျက်ရတနာလုပ်ကွက်များကို ဖော် ထုတ်လုပ်ကွက် ၁၅၂၆၆ ကွက်၊ သတ်မှတ်လုပ်ကွက် ၅၀၃၀၊ လစ်လပ် လုပ်ကွက် ၁၇၂၇ ကွက်၊ အကျိုးတူလုပ်ကွက် ၂၂၁ ကွက် စုစုပေါင်း ၂၂၂၄၄ ကွက်ချမှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာလုပ်ကွက်များကို ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် လုပ်ကိုင်လျက်ရှိသည်။ ကချင်ပြည်နယ်၌ လုပ်ကွက် အများဆုံးတည်ရှိနေကာ လုံးခင်း-ဖားကန့် နယ်မြေတွင် ကျောက်စိမ်းလုပ်ကွက်ပေါင်း ၇၅၃၅ ကွက် တည်ရှိနေသည်။


Eleven media group

0 comments: