စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 2, 2012

လျှို့ဝှက်မြန်မာစစ်တပ်၏ ဓါတု လက်နက် စက်ရုံများ - ဖမ်းမိနိုင်ရိုးလား? (အပိုင်း - ၁)

ဆောင်းပါးရှင် - ဒေါက်တာဦးဝင်း


အယ်ဒီတာအဖွဲ့၊ ဆောင်းပါးရှင် ဒေါက်တာဦးဝင်းက မြန်မာစစ်တပ်ရဲ့ လျှို့ဝှက် သိပ်သည်းစွာ လုပ်ဆောင်နေတဲ့ လုပ်ရပ်များအနက် သင်္ကာမကင်းဖွယ် လုပ်ဆောင်နေတဲ့ ဓါတုလက်နက်စက်ရုံများ လုပ်ဆောင်နိုင်ဖွယ်ရှိနေကြောင်း အချိန်ယူ လေ့လာသုံးသပ်ထားတဲ့ ဆောင်းပါးကို စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။ နိုင်ငံတကာမှ အင်္ဂလိပ်ဘာသာဖြင့် လေ့လာနိုင်ရေးအတွက် ဒေါက်တာဦးဝင်းရဲ့ (http://www.burmachemicalweapons.blogspot.com/) အား ဆက်စပ်ကြည့်ရှုနိုင်ပါကြောင်းနဲ့ ယခုလို ပေးပို့တဲ့အတွက် ဒေါက်တာဦးဝင်းအား အထူးကျေးဇူးတင်ရှိပါတယ်။

၁၉၉၃ နိုင်ငံတကာ ဓါတု စစ်လက်နက် ကန့်သတ်ရေး စာချုပ်တွင် ဓါတု ပစ္စည်းလက်နက်များ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းကို တားမြစ်ထားပါသည်။(http://www.opcw.org/chemical-weapons-convention/) မြန်မာစစ်တပ်က MTA ခွန်စာ လက်နက်ကိုင် အဖွဲ့ကို ရက်ရက်စက်စက် ဓါတုလက်နက်ဖြင့် သုံးခဲ့ပြီးကြောင်း အများ အသိဖြစ်သည်။ ကရင် လက်နက်ကိုင်များနှင့် စစ်ပွဲအချို့၌ မြန်မာစစ်တပ်က ဓါတုလက်နက်ကို သုံးခဲ့သည်။ ဗိုလ်မှူးအောင်လင်းထွဋ် တကြိမ်ဆုံခဲ့ဖူး၏။ ထိုစဉ်က မြန်မာ စစ်တပ်များ အထိနာနေစဉ် - ယခု ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက စီစဉ်ပေးသည့် ဓါတုဗုံး သုံးရေးကို ကိုယ်တိုင် သက်သေမြင်နိုင်ရန် ကြိုးပမ်းကြည့်သော်လည်း မအောင်မြင်ခဲ့ပါ။ အကြောင်းမှာ ဝင်လာသော ဗုံးများမှာ သာမန်ဗုံးကျည်များသာ မြင်နိုင်သည်။ ဓါတုဆေးထည့် ထားသော ဗုံးဟု မခွဲခြားထားပါ။ ဗုံးကျည် မော်တာကို ပစ်နေသော တပ်သားလည်း ဓါတုဗုံးကို ပစ်သည်ဟု မသိပါ။ စစ်မြေပြင် တာဝန်ခံ ဗိုလ်ကြီးများလဲမသိပါ။ မြန်မာ စစ်တပ်သည် ဓါတု လက်နက်သုံးသည့် အခါတွင် အထူးသတိထားလေ့ရှိသည်။ ဓါတုဆေးကို ခပ်ပြင်းပြင်း မသုံး။ ပစ်ခတ်မှုကြောင့် ခံရသူများ သေလောက်အောင် မလုပ်၊ သို့သော်ရန်သူကို အားအင် မရှိတော့အောင် လုပ်သည်။ ဓါတ်ငွေ့များကလည်း လေထဲတွင် မိနစ်ပိုင်း အတွင်း ပျောက်သွားသဖြင့် သက်သေအထောက်အထား အစအန မကျန်ခဲ့ပါ။

ယခု၂၀၁၁ ခုနှစ် နိုဝင်ဘာလကုန်တွင် K.I.A ကချင်တပ်များနှင့် မြန်မာအစိုးတပ်များ ဂါးရာယာန်၊ ရွှေညောင်ပင်၊ လွန်ဇက်ကုန်း ရွာများနှင့် K.I.A စခန်းချုပ်ရှိရာ လိုင်ဇာရွာ အနီး အင်းတပ်(ဘွမ်) တောင်ကုန်းတို့၌ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ အစိုးရတပ်မှာ အကျအဆုံးများလွန်းလာ၍ မသိ၊ ဓါတုလက်နက် Chemical Weapons များကို စတင်သုံးလာပုံပေါ်သည်။ မြန်မာစစ်တပ်မှ ပစ်ချလာသော စိန်ပြောင်းမော်တာ (Mortar) သုံး ဗုံးကွဲကျစဉ်အတွင်း ထွက်လာသော မီးခိုးငွေ့ကို ရှိုမိကြသည့် ကချင်တပ်သားများမှာ မူးမေ့၊ အော့အန်ကာ၊ ပျော့ခွေလှဲကျ သွားသည်ဟု K.I.A က ထုတ်ဖေါ်ပြောပြပါသည်။

K.I.A ၏ အဆိုအရ မြန်မာ အစိုးရပစ်လွှတ်သော ဒုံးပျံမော်တာကျည်ဗုံးများ အချို့ လေတွင် ပေါက်ကွဲ၍ အချို့မြေပေါ် ကျပြီးမှ ပေါက်သည်ဆို၏။ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ အဆိုအရ လေတွင် ပေါက်ကွဲစေမည့် ဗုံးမျိုးမှာ ၈၄ မမ ဒုံးပျံ Rocket များ (အချက်ပြမီးခိုးထုတ်) မျိုးသာ ဖြစ်ဖွယ်ရှိသည်။ ၈၁ မမ မော်တာဗုံးမျိုးအတွင်းသို့ ဓါတု ပစ္စည်းကို ထည့်သွင်းထားရန် အလွန်ခက်ခဲလှ သော စနစ်မျိုးဖြစ်ပေမည်ဟု ဆို၏။ (http://burmese.dvb.no/archives/18626)

စစ်ရေးအကြောင်းလေ့လာသူများက ဤသို့သော ဓါတု အဆိပ်ဓါတ်ငွေ့သုံး ဗုံးအမျိုးအစားမှာ မြန်မာစစ်တပ်သုံး ၈၁ မမ နှင့် ၁၂၀ မမ မော်တာဗုံးများဖြစ်ဖွယ်ရာရှိသည်။ မြန်မာ ကပစ (DI) ထုတ် မော်တာများက ၁၀၅ မမ အမြောက်၊ ၁၂၀ မမ၊ ၈၁ မမ နှင့် ၆၀ မမ မော်တာစိန်ပြောင်းများကို ထုတ်လုပ်လျက်ရှိကြသည်။ ယင်းမြန်မာသံမှူးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်၏ အဆိုအရ မလွန်၊ အထက်မင်းလှ (မကွေးတိုင်း) ရှိ ကပစ (၂)၊ သရက်မြို့နယ် စခန်းကြီးရွာနားရှိ ကပစ (၁၂)၊ ပြည်မြို့မှ ဧရာဝတီမြစ် တဖက်ကမ်း ဆင်ထဲရွာရှိ ကပစ (၃) နှင့် ပန်းတောင်းမြို့နယ် (ပဲခူးတိုင်း) ရှိ ကပစ (၅) တို့တွင် ဤမော်တာများကို ထုတ်လုပ်ကြပါသည်။ (http://photayokeking.org/hot-news/109-19-january-hot-article)

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်..

0 comments: