စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 11, 2012

မြန်မာနိုင်ငံသို့ ဆောင်းလေအေးများ တိုးဝင်မှုကြောင့် ယခုရက်ပိုင်းအတွင်း ဒေသအများစုတွင် မြူကျဆင်းမှုနှင့်အတူ ပုံမှန်ဆောင်း၏ အအေးဓာတ်ကို စတင်ရရှိလာ

ရန်ကုန်မြို့တွင် မြူကျဆင်းနေမှုကို ဇန်န၀ါရီလ ၉ ရက်နေ့က တွေ့ရစဉ်

မြန်မာနိုင်ငံသို့ ဆောင်းလေအေးများ တိုးဝင်လာမှုကြောင့် ဒေသအများစုတွင် ယခုရက်ပိုင်းအတွင်း မြူကျဆင်းမှုနှင့်အတူ ပုံမှန်ဆောင်း၏ အအေးဓာတ်ကို စတင်ရရှိလာကြောင်း သတင်းရရှိပါသည်။

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ခဲ့သော ဆောင်းရာသီသည် ပုံမှန် ဆောင်းရာသီကာလထက် အအေးပေါ့နေခဲ့ပြီး ယခုနှစ် နှစ်ဦးပိုင်းတွင် လည်း အအေးပေါ့ခဲ့ကာ အထူးသဖြင့် ရန်ကုန်မြို့ကဲ့သို့သော မြို့ကြီး များတွင် နေ့အပူချိန်များသည် ပုံမှန် ဆောင်းရာသီကာလ နေ့အပူချိန်များထက် မြင့်တက်နေခဲ့သည်။

ဇန်န၀ါရီလ ဒုတိယပတ်အတွင်းတွင်မူ မြန်မာနိုင်ငံ အရှေ့မြောက်ဘက် ဒေသများမှ တစ်ဆင့် ဆောင်းလေအေးများ မြန်မာနိုင်ငံဘက်ဆီသို့ တိုးဝင်လာမှုကြောင့် ပုံမှန်ဆောင်း၏ အအေးဓာတ်ကို ဒေသအများစုတွင် ရရှိလာကြောင်း သိရှိရပါသည်။
လူဦးရေထူထပ်သော၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးပြီး ကာဗွန်ထုတ်လွှတ်မှုလည်း များပြားသော မြို့ပြတွင် ရာသီဥတုပြောင်းလဲမှုကို သိသာစွာ ခံစားလာရပြီး အခြားသော ဒေသများလောက် အေးမြမှုမရှိခြင်းကို လည်း ကြုံတွေ့လာရ . . .

“အရှေ့မြောက်ဘက် ဒေသတွေကနေ ဆောင်းလေအေးတွေ မြန်မာနိုင်ငံထဲကို ၀င်လာနေတယ်။ ဒီရက်ပိုင်းတွေမှာ အေးနေပါလိမ့် မယ်။ မနက်ပိုင်းတွေမှာ မြူကျဆင်း တာကိုလည်း တွေ့ကြုံနိုင်တယ်။ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေမှာတော့ အအေးပိုနိုင်ပါတယ်”ဟု Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က ပြောကြားသည်။ ဆောင်းလေအေးများ တိုးဝင်လာမှုကြောင့် ဇန်န၀ါရီလ ၈ ရက်နေ့ မှ ရက်ပိုင်းအတွင်း အအေးဓာတ်ကို ရရှိနေမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ မြောက်ပိုင်းစွန်းကဲ့သို့ တောင်တန်း ကုန်းမြင့်ဒေသများတွင် ညအပူချိန်များ ၁၀ ဒီဂရီစင်တီဂရိတ် အောက်တွင်သာရှိနိုင်ကြောင်း သိရှိရသည်။

ယင်းသို့ ပုံမှန်ဆောင်း၏ အေးမြမှုသည် ရက်ပိုင်းခန့်သာ ကြာမြင့်မည်ဖြစ်ပြီး မကြာမီ ပြန်လည်၍ အအေးပေါ့သွားမည် ဖြစ်ပြီး အနောက် မြောက်ဘက်မှ တိမ်တိုက်များ ရွေ့လျားလာမှုကြောင့် မြောက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်သည်ဟုလည်း သိရှိရသည်။

ယခင်က အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းတွင် စတင်လေ့ရှိသော ဆောင်းရာသီကာလ သည် ယခုနှစ်များအတွင်း ဒီဇင်ဘာလ ရောက်မှသာ စတင်လေ့ရှိလာပြီး အအေးဓာတ်ကို ရရှိမှုမှာလည်း တည်ငြိမ်မှုမရှိတော့ဘဲ ဒေသအများစုတွင် အေးမြခြင်းနှင့် ပူပြင်းခြောက်သွေ့ခြင်းကို တစ်လှည့်စီ ကြုံတွေ့ရခြင်းများ ရှိလာသည်ဟု သိရှိရသည်။

အထူးသဖြင့် လူဦးရေထူထပ်သော၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးပြီး ကာဗွန်ထုတ်လွှတ်မှုလည်း များပြားသော မြို့ပြတွင် ရာသီဥတု ပြောင်းလဲမှုကို သိသာစွာ ခံစားလာရပြီး အခြားသော ဒေသများလောက် အေးမြမှုမရှိခြင်း ကိုလည်း ကြုံတွေ့လာရသည်။ ရာသီဥတုနှင့် မိုးလေ၀သ အခြေအနေများ ကိုထုတ်ပြန်နေသော The weather channel မှ ထုတ်ပြန်မှုများအရ ဇန်န၀ါရီလ ၉ ရက်နေ့ ရန်ကုန်မြို့၏ နေ့အပူချိန်သည် ၃၂ ဒီဂရီစင်တီဂရိတ်နှင့် မန္တလေးမြို့၏ နေ့အပူချိန် မှာ ၂၈ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။

news-eleven.com

0 comments: