
တနင်္လာနေ့မနက်က အစိုးရအိမ်တော် ပတ်လည်နဲ့ ဘုရင့်ပန်းခြံမှာ တက္ကစီမောင်းသမား ၅၀၀ လောက်ဟာ မော် တော်ယာဉ်သုံးဓါတ်ငွေ့ (NGV) ဈေးနှုန်းတက်တာကို မကျေနပ်လို့ ကားတွေရပ်ပြီး ဆန့်ကျင်ကန့်ကွက်ကြပါတယ်။
ဒီကနေ့ မနက်က သူတို့ဟာ အစိုးရအိမ်တော်ဘေးနဲ့ ဘုရင့်ပန်းခြံနားက လမ်းမကြီးတွေပေါ်မှာ ကားတွေ ရပ်ထားကြပါ တယ်။ ဒါပေမဲ့ ယာဉ်မောင်းသူတွေက သူတို့ကားတွေနဲ့ လမ်းမကို ပိတ်မထားကြပါဘူး။ လမ်းမကြီးဘေး ဘယ်ဖက် ခြမ်းက လမ်းငယ် ၂ ခု ပေါ်မှာပဲ နေရာယူထားကြတာ ဖြစ်ပါတယ်။ တချို့ယာဉ်မောင်းသမားတွေက “NGV တွေ မီးရှို့ ပစ်” ဆိုတဲ့ စာတမ်းပါအလံတွေ ကိုင်ထားပါတယ်။ တက္ကစီတွေကို ဖိဆန်နူလွတ် လမ်းမကြီးပေါ်မှာ ရပ်ထားကြပါတယ်။
မက်ခ၀မ်တံတားမရောက်မချင်း ရာ့ခ်ျဒမ်နုန်နော့ လမ်းမအထိ သူတို့ကားတွေ ပြည့်လျှံနေပါတယ်။ အစိုးရ အိမ်တော်ရှေ့ မှာ ရွက်ဖျင်တဲတွေထိုးနေဖို့ သူတို့ခေါင်းဆောင်တွေက စည်းရုံးနေပါတယ်။ NGV ဈေးနှုန်းတက်တဲ့အတွက် အုပ်ချုပ်ရေး အဖွဲ့ကို ဝေဖန်ဖို့ ဦးတည်လုပ်နေကြပါတယ်။ လယ်သမားတွေနဲ့ဆင်းရဲသားတွေဟာ ရေဘေးဒုက္ခ ခံနေရချိန်မှာ NGV ဓါတ်ငွေ့ဈေးမြှင့်ဖို့ အခွင့်ကောင်းယူလုပ်နေတယ်။ လို့ သူတို့က အစိုးရကို စွပ်စွဲပြောဆိုကြပါတယ်။ ဓါတ်ငွေ့ ဈေးနှုန်းမြင့် တက်တော့ သူတို့ဝင်ငွေအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်ပြီး အစိုးရအုပ်ချုပ်မှုကို စိတ်ပျက်ကြောင်း ပြောဆိုကြပါတယ်။
“ဖုယထိုင်းပါတီကို မဲပေးမိတာ ၀မ်းနည်းစရာပဲ၊ ဒီလိုဈေးတွေတက်တာဟာ ဖုယထိုင်းပါတီဟာ ကျနော်တို့ မဲတွေကို သစ္စာဖောက်တာပဲ” လို့ ခေါင်းဆောင်တယောက်က ပြောပါတယ်။ ဇန်န၀ါရီလက အစိုးရဟာ NGV ဈေးနှုန်းကို တလ၊ ပြား ၅၀ ပဲတက်မယ်လို့ ပြောတယ်။ ဒါဟာ တကယ်တော့ လက်ရှိဈေးနှုန်းဖြစ်တဲ့ တကီလို၊ ၈.၅၀ ဘတ်ကနေ နောက် နှစ်ကုန်မှာမှ ၁၄.၅၀ ဘတ် ထိ တိုးရမှာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၉၊ ၂၀၁၂ (The Nation)
Welcome to SeekaHost
10 months ago










0 comments:
Post a Comment