စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, January 1, 2012

ထိုင်းနိုင်ငံမှ ဘဏ္ဍာရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်ဝန်ကြီးများ ထားဝယ်စီမံကိန်းသို့ လေ့လာရန် ၂၀၁၂ ခုနှစ်နှစ်ဦးပိုင်း၌ လာရောက်မည်

ထိုင်းနိုင်ငံမှ ဘဏ္ဍာရေး၊ ပို့ဆောင်ရေးနှင့် စွမ်းအင်ဝန်ကြီးများ ထားဝယ်စီမံကိန်းသို့ လေ့လာရန်၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထိုင်းနိုင်ငံမှ ဘဏ္ဍာရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်ဆိုင်ရာ ၀န်ကြီးများသည် မြန်မာနိုင်ငံတွင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော Thai Development Public Co.,Ltd ၏ စီမံကိန်းလုပ်ဆောင်နေမှု အခြေအနေများအား လေ့လာဆွေးနွေးရန် လာရောက်မည်ဖြစ်သည်ဟု ထိုင်းနိုင်ငံထုတ် BangkokPost သတင်းစာက ဖော်ပြထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအမှတ်(၈/၂၀၁၁)၊ ပုဒ်မ (၄)အရ အစိုးရအဖွဲ့က သတ်မှတ်ထားသော ဇုန်ဖြစ်သည်။ ဇုန်ဧရိယာအတွင်း တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာနှင့် ရပ်ကွက်ပေါင်း ၂၀ ကျော်ပါဝင်သည်။ မြောက်ဘက်တွင် ရေဖြူမြို့နယ်၊အရှေ့ဘက်တွင် ထားဝယ်မြစ်၊ရေဖြူမြို့နယ်၊ တောင်ဘက်တွင် လောင်းလုံမြို့နယ်နှင့် အနောက်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ထိစပ်လျက်ရှိပြီး ဧရိယာ အကျယ်အ၀န်းမှာ ၂၅၀ စတုရန်းမီတာ (၉၇ စတုရန်းမိုင်)ဖြစ်သည်။

စီမံကိန်းတွင် အဓိကဇုန်ငါးခုပါဝင်ပြီး ဇုန် A တွင် ရေနက်ဆိပ်ကမ်း၊ သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ စသည့် အကြီးစားစက်မှုလုပ်ငန်းများ၊ ဇုန် B တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ စက်မှုလုပ်ငန်းများ၊ ဇုန် C တွင် ရေနံဓာတုအခြေပြု စက်မှုလုပ်ငန်းများ၊ ဇုန် D တွင် ရော်ဘာလုပ်ငန်းများအပါအ၀င် အလတ်စား စက်မှုလုပ်ငန်းများ၊ ဇုန် E တွင် ဆေးဝါးထုတ်လုပ်ရေး၊ အလှကုန်ထုတ်လုပ်ရေး၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရေးအပါအ၀င် အသေးစားစက်မှုလုပ်ငန်းများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

0 comments: