စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 11, 2012

သံဖြူဇရပ်မြို့နယ်မှ ပြည်သူများ ရပ်ကျေးဥပဒေကို အများဆုံးစိတ်ဝင်စား

Local administration law interested in Thanphyuzayat, Mon State

ဒုတိယ ကမ္ဘာစစ်အတွင်းက သေမင်းတမန်ရထားလမ်းဖြင့် ထင်ရှားသည့် သံဖြူရဇရပ်မြို့ (Photo-ab wieringa: www.panoramio.com)

မွန်ပြည်နယ် ၊သံဖြူဇရပ်မြို့နယ်ရှိ ပြည်သူများအနေနှင့် လွှတ်တော်တွင်သွင်းသည့်ဥပဒေများ အနက် ရပ်ကျေးဥပဒေကို အများဆုံးစိတ်ဝင်စားကြကြောင်း သံဖြူဇရပ်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းအောင် ကပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်ရှိ လွှတ်တော်အမတ်များက သံဖြူဇရပ်ကျေးရွာနေပြည်သူများအား လွှတ်တော်အတွေ့အကြုံ ရှင်းလင်းဟောပြောလျက်ရှိရာမှ သိရသည့် အချက်အလက်အရ ယခုကဲ့သို့ ရပ်ကျေး ဥပဒေအား စိတ်ဝင်စားသည်ကိုတွေ့ရသည်ဟု ၎င်းက ပြောသည်။

“သူတို့သိချင်တာ ရပ်ရွာ အုပ်ချုပ်ရေးမှူးအကြောင်းပဲ၊ အစိုးရကပြောင်းနေပြီး ရပ်ရွာကဥက္ကဋ္ဌက ဘာဖြစ်လို့မပြောင်းသေးတာလဲပေါ့ သူတို့ကအဲဒါသိချင်တယ်။ ကျွန်တော်တို့ကလည်း ရပ်လွှတ်တော်မှာ အတည်ပြုထားတဲ့ရပ်ကျေးဥပဒေအကြောင်း ပြောပြတယ်၊ သမ္မတလက်မှတ်မထိုးရသေးတာတွေလည်း ပြောပြတာပေါ့၊” ဟု ဦးသိန်းအောင်ကပြောသည်။

ရပ်ကျေးဥပဒေဟုခေါ်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြှောက်ရေး ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ နိုဝင်ဘာလ နှောင်းပိုင်းတွင် အတည်ပြုပြီးဖြစ်သော်လည်း ဥပဒေ စတင်အသက်ဝင်ရန် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်ရန် လိုအပ်နေသေးသည်။
ယင်းဥပဒေမူကြမ်းတွင် ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဆယ်အိမ်မှူးများက ရွေးချယ်ပေးရမည်ဖြစ်၍ ဆယ်အိမ်မှူးများကို ကျေးရွာ ရပ်ကွက် ရပ်မိရပ်ဖတွေက ရွေးချယ်ပေးရမည်ဟု ပါရှိသည်။

သံဖြူဇရပ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲကို ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၁ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ပြီး သံဖြူဇရပ်မြို့နယ်မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးနှင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းအောင်တို့က ၎င်းတို့၏အတွေ့အကြုံများကို ရှင်းလင်းခဲ့သလို လူထု၏ဆန္ဒကိုလည်း ကောက်ခံခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် ပါဝင်ခဲ့သူ မွန်ဒေသလုံးဒီမိုကရေစီပါတီမှဗဟိုအလုပ်အမှုဆောင် ဦးသန်းရွှေက

“ကျွှန်တော်တို့ကလွှတ်တော်မှာဆွေးနွေးခဲ့သည့်အကြောင်းတွေကိုလည်း ပြည်သူတွေကိုပြောပြတယ်၊ တလောက တပ်ကော့မှာ မြေဧက၆၀၀ သိမ်းတဲ့ကိစ္စဆိုလွှတ်တော်မှာတင်ပြတော့ ၀န်ကြီးကမသိမ်းဘူးလို့ ပြန်ရှင်းတာတွေပေါ့ ဒါတွေကိုသူတို့ကိုပြောပြတယ်” ဟုဆိုသည်။

လာမည့်လွှတ်တော်တွင်တင်ပြရန်အတွက် ပြည်သူများ၏ ဆန္ဒကိုလည်းတောင်းခံရာတွင် ကျိုက္ခမီမြို့မှ ပြည်သူများက ၀င်းဖနုံတည်ဆောက်စဉ်က ကျိုက္ခမီမှ သဲများသဲ့ယူသွားသောနေရာတွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်နေသဖြင့် လွှတ်တော်တွင်တင်ပြပေးပါရန် တောင်းဆိုထားသည်ဟုဆိုသည်။

ဆန္ဒတောင်းခံထားသည့်အချက်အလက်များကို တတိုင်းပြည်လုံးနှင့်ဆိုင်ပါက ပြည်ထောင်စုလွှတ်တော် ၊ပြည်နယ်နှင့်ဆိုင်ပါက ပြည်နယ်လွှတ်တော်စသည်တို့ကို သင့်တော်သလို တင်ပြသွားရန်စီစဉ်ထားသည်ဟု ဦးသန်းရွှေက ပြောသည်။

ရှင်းလင်းပွဲ မပြုလုပ်မီ မြို့နယ်အုပ်ချုပ်ရေးမှူးသို့ ၂၄ နာရီကြိုတင် အကြောင်းကြားစာပို့ရကြောင်း တခါတရံ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ အကူအညီပေးရန် အကြောင်းကြားပေးသည်ဟုလည်း ဦးသန်းရွှေကပြောသည်။

သံဖြူဇရပ်မြို့နယ်တွင် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲရုံ ၆၀ ၊ကျေးရွာ ၄၁ ရွာရှိပြီးလက်ရှိတွင် ကျေးရွာပေါင်း၂၀ ၀န်းကျင်ကို ရှင်းလင်းပွဲများ ပြုလုပ်ပေးခဲ့ပြီးပြီး ကျန်သည့်ကျေးရွာများကိုလည်းယခုလ၁၆ ရက်နေ့အထိရှင်းလင်းပွဲများကို ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုသည်။

ပြီးခဲ့သည့်၂၀၁၀ ရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်များ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ။

Yangon Press International

0 comments: