![]()
ထိုဖြစ်ရပ်မှာ ရန်ကုန်ရှိ ဒေါ်ပုံမြို့နယ်၊ ဇေယျာသီရိ (၃)လမ်း၊ အိမ်အမှတ် (၃၉-က) တွင် နေအိမ်ရှိ တိုင်ခြေရင်းတခု၌ ထူးဆန်းစွာ ပူလောင်သော အငွေ့အသက်များ ထွက်ပေါ်နေသောကြောင့် အနီးအနားတွင် နေထိုင်သူ အများအပြား လာရောက် ကြည့်ရှုနေကြပါသည်။ ဘာကြောင့် ဤသို့ဖြစ်ရသည်ကိုလည်း နိုင်ငံမီးသတ်တပ်ဖွဲ့၊ ဘူမိဗေဒ ဦးစီးဌာန၊ လျှပ်စစ်ဌာနမှ တာဝန်ရှိသူများက လာရောက် စစ်ဆေး ခဲ့သော်လည်း အကြောင်းရင်းကိုမူ အဖြေရှာ၍ မရသေးကြောင်း သိရပါသည်။
ဖြစ်စဉ်များမှာ ယမာန်နေ့နံနက် ၁၀ နာရီခန့်တွင် အဆိုပါနေအိမ်အတွင်းရှိ အိမ်တိုင် တစ်လုံး၏ ခြေရင်း၌ လွန်ကဲစွာပူလောင် လာပြီး အငွေ့ထွက်လာသောကြောင့် နေအိမ်နှင့် အနီးအနားရှိလူများ အထိတ်တလန့်ဖြစ်ခဲ့ကြရခြင်းဖြစ်သည်။ ဤသို့ ကြောင့်ပူလောင် နေသည့် တိုင်ခြေရင်းအား နိုင်ငံမီးသတ်တပ်ဖွဲ့၊ ဘူမိဗေဒဦးစီးဌာန၊ လျှပ်စစ်ဌာနမှ တာ ၀န်ရှိသူများက အနက် နှစ်ပေခန့် တူးဖော်ကြပြီး မီးခိုးများ ထွက်ရှိလာသည်ဟု ဆိုပါသည်။ ၄င်းတူးဖော်ထားသည့် မြေနေရာကိုလည်း ရေ နှစ်ကြိမ်လောင်းထည့်ထားပြီး စိုးရိမ်စရာမရှိဘူးဟု မီးသတ်ကဆိုပါသည်။ အိမ်ပိုင်ရှင်မှာ ဒေါ်ခင်ပြည့်စုံ ဖြစ်ပြီး၎င်းသည် ရေသန့်ရောင်းဝယ်ရေးနှင့် လက်ဖွဲ့ပစ္စည်းများ ထုပ်ပိုးခြင်း လုပ်ငန်းကို လုပ်ကိုင်နေခြင်းဖြစ်ပါသည်။
Welcome to SeekaHost
9 months ago










0 comments:
Post a Comment