စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 11, 2012

မီးလောင်ပေါက်ကွဲ၍ ကယ်ဆယ်ရေး စခန်းတွင်နေရသူများ ရပ်ကွက်တွင်းသို့ ပြန်လည်ပြောင်းရွှေ့

ကူးတို့ဆိပ်ရပ်ကွက်အတွင်း မီးလောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသော အိမ်များအား ပြုပြင်နေစဉ်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ် ရပ်ကွက်တွင် ၂၀၁၁ ခုနှစ် ဒီဇင် ဘာလ ၂၉ ရက်နေ့က မီးလောင်ပေါက်ကွဲမှုကြောင့် ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ခဲ့ရသူအားလုံးမှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၇ ရက်နေ့တွင် ရပ်ကွက်အတွင်းသို့ အပြီးသတ်ပြန်လည် ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း၊ ကယ်ဆယ်ရေးစခန်း များတွင် မှီခိုနေထိုင်သူ လုံးဝမရှိတော့ဘဲ လှူဒါန်းထားသော ကယ်ဆယ်ပစ္စည်းများကိုသာ သိုလှောင်ထားရှိကြောင်း သိရှိရသည်။

ယခုအခါ ကူးတို့ဆိပ်ရပ်ကွက် အတွင်း မီးလောင်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့သော နေအိမ်များကို ပြန်လည်ပြုပြင် တည်ဆောက်ခြင်းများ ပြုလုပ်လျက်ရှိပြီး အချို့အိမ်များမှာ ပြီးစီးနေပြီဖြစ်ကြောင်း

ဇန်န၀ါရီလ ၉ ရက်နေ့တွင် ရရှိသော သတင်းများအရ သိရှိရသည်။ အိမ်များပြန်လည်ပြုပြင် တည်ဆောက်ရန်အတွက် ရရှိထားသော အလှူငွေများဖြင့် မြို့နယ်အသီးသီးရှိ အုပ်ချုပ်ရေးမှူးရုံးများမှ တာဝန်ယူကာ ကြီးကြပ် ဆောက်လုပ်ပေးခြင်းဖြစ် ကြောင်း၊ ယင်းကဲ့သို့ မဆောက်လုပ်လိုဘဲ မိမိသဘောဆန္ဒအလျောက် ဆောက်လုပ်မည်ဆိုပါကလည်း ငွေကျပ်ခုနစ်သိန်းကို ထုတ်ပေးကြောင်း သိရှိရသည်။

ရပ်ကွက်အတွင်းသို့ ပြန်လည် နေထိုင်သူအားလုံးအတွက် လှူဒါန်း ရရှိခဲ့သော ကယ်ဆယ်ရေးပစ္စည်း များကိုလည်း အချိုးကျပြန်လည်ခွဲဝေ ပေးလျက်ရှိပြီး ကျန်ရှိနေသော ပစ္စည်းများကိုလည်း ဆက်လက်ဝေငှ သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကယ်ဆယ်ရေးစခန်းများတွင် ဖွင့်လှစ်ပေးခဲ့သော ကျန်းမာရေးဦးစီး ဌာန၏ကျန်းမာရေး စောင့်ရှောက်မှု ဆေးပေးခန်းကို ရပ်ကွက်အတွင်း ယာယီဖွင့်လှစ်ပေးကြောင်း သိရသည်။

news-eleven.com

0 comments: