စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Wednesday, January 11, 2012

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ အကြား သဘောင်္များ တိုက်ရိုက် ကူးသန်းနိုင်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာတို့  နှစ်နိုင်ငံကြားမှာ တိုက်ရိုက် ရေကြောင်း သွားလာမှု ပြုလုပ်နိုင်ရေး အတွက် ပူးတွဲ ကော်မတီ တစ်ရပ် ဖွဲ့စည်းထားပြီး မကြာခင် ကာလမှာ သဘောင်္တွေ တိုက်ရိုက် ကူးသန်း သွားလာနိုင်တော့မယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမင်းလွင်က မနေ့က ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းလှေတစ်စီးကို တွေ့ရစဉ်။

စစ်တကောင်းမြို့ကုန်သည်ကြီးများ အသင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ မြန်မာ သံအမတ်ကြီးက နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့် ပြုလုပ်လိုတဲ့ အတွက် မြန်မာနိုင်ငံ အနေနဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သည်တွေကို ပြည်ဝင်ခွင့် ဗီဇာတွေ နေ့ချင်းပြီး ထုတ်ပေးနိုင်အောင် အမြန်ဆုံး စီစဉ်သွားမယ်လို့လည်း ပြောသွားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ် ကုန်သွယ်ရေးမှာ မြန်မာဘက်က ဧည့်မထဆန် အမြောက်အမြား အပြင် ကြက်သွန်နီ၊ ငရုတ်သီး၊ ပဲဝါ၊ ငါးနဲ့ သစ်တွေကို အဓိက ၀ယ်ယူတင်သွင်းနေပြီး မြန်မာဘက်ကို အလှကုန်၊ ဆေးဝါးပစ္စည်းနဲ့ အထည်အလိပ်တွေ ပြန်လည် တင်ပို့နေတယ်လို့ မြန်မာ ကုန်ပစ္စည်း အများဆုံး တင်သွင်းသူ တစ်ဦးဖြစ်တဲ့ မစ္စတာ နူရူ အာလမ်က ပြောပါတယ်။

စစ်တကောင်းမြို့ ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌကလည်း စစ်တကောင်းမြို့ ကုန်တင်ကုန်ချ ဆိပ်ကမ်းသစ်ဟာ ပြီးစီးနေပြီမို့ မြန်မာ အစိုးရနဲ့ ကုန်သည်တွေ အနေနဲ့ ပို့ကုန် ပစ္စည်းတွေကို တစ်ထောက်နားစခန်း အဖြစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံဘက်က အသုံးမပြုဘဲထားတဲ့ စိုက်ပျိုးမြေတွေကို ဘင်္ဂလားဒေ့ရှ် လုပ်ငန်းရှင်တွေကို ငှားရမ်း လုပ်ကိုင်ခွင့် ပေးစေလိုကြောင်း ပြောကြားသွားပါတယ်။

RFA

0 comments: