စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Sunday, January 1, 2012

အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြခဲ့သော အကျဉ်းသားများနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တွေ့ဆုံ

အကျဉ်းထောင်အတွင်း အစာ ငတ်ခံဆန္ဒပြခဲ့သောအကျဉ်းသားများ နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်တို့ ဒီဇင်ဘာ၂၇ရက်နှင့်၂၈ရက် တို့တွင် တွေ့ဆုံခဲ့ပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် အများပြည်သူအေးချမ်း သာယာရေးကိုထိပါးခြင်း မရှိနိုင်သည့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကော်မရှင်က နိုင်ငံတော် သမ္မတထံ ထပ်လောင်းတင်ပြခဲ့ ကြောင်း သိရသည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌခေါင်းဆောင်ပြီး စုစုပေါင်းရှစ်ဦးပါ ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အင်းစိန်အကျဉ်း ထောင်သို့လည်းကောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လှည်းကူးမြို့နယ်ရှိ လှေလှော်အင်းရဲဘက်စခန်းသို့ လည်း ကောင်း၊ ဒီဇင်ဘာလ ၉ ရက်နေ့ တွင် အဖွဲ့ဝင်လေးဦးပါ ကိုယ်စားလှယ် အဖွဲ့သည် မြစ်ကြီးနား အကျဉ်းထောင်သို့ လည်းကောင်း သွားရောက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့သွားရောက်ခြင်းဖြင့် အကျဉ်းသားများ၏ နေ့စဉ်နေထိုင် စားသောက်မှုနှင့် ပြစ်ဒဏ်အသီးသီး ကျခံနေသည့် အကျဉ်းသားများ၏ အခြေအနေကို မျက်မြင်ကိုယ်တွေ့ သိရှိလေ့လာခဲ့ကြောင်း သိရသည်။

အကျဉ်းထောင်အတွင်း၌ မကြာ သေးမီက အစာအငတ်ခံဆန္ဒပြခဲ့ကြ သောအကျဉ်းသားများကိုခွေးတိုက်၌ ထားကြောင်း၊ နှိပ်စက်မှုပြုကြောင်း၊ သောက်ရေကိုပင် မပေးကြောင်းဖြင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ စွပ်စွဲချက်များကို ကော်မရှင် တွင်လက်ခံရရှိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် အကျဉ်းထောင်သို့ သွားရောက်စဉ်တွင်မကြာသေးမီက အစာငတ်ခံဆန္ဒပြခဲ့သော အကျဉ်းသားများအနက် သုံးဦးကို ကိုယ်စား လှယ်အဖွဲ့က တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။

တွေ့ဆုံမေးမြန်းခဲ့သောအကျဉ်း သားများက ၄င်းတို့အား သောက်ရေမပေးခြင်းမှာ မဟုတ်မှန်ကြောင်း၊ ဆန္ဒပြနေစဉ်နှင့် ဆန္ဒပြပြီးကာလ နှစ်ရပ်စလုံးတွင်ဆေးဝါးပြုစုစောင့်ရှောက်မှုကို စီစဉ်ပေးကြောင်း၊ ခွေးတိုက်၌ ထားခြင်းမှာမဟုတ်မှန်ကြောင်း အကျဉ်းသားများက ပြောကြားခဲ့သည်ဟု ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လှေလှော်အင်းရဲဘက်စခန်းသို့ သွားရောက်စဉ်တွင် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် စခန်း၌ ဆောင်ရွက် ပေးထားမှုများကို လေ့လာ၍ ရဲဘက် အချို့ကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ရဲဘက်များက ၄င်းတို့၏အမြင်နှင့် စိုးရိမ်ပူပန်မှုတို့ကို ပွင့်လင်းစွာပြောကြား ကြကြောင်း၊ ရဲဘက်စခန်းမှ တာဝန်ရှိသူများကလည်း ရဲဘက်များ ၏တင်ပြချက်များကို ဆောင်ရွက်ပေး နိုင်ရန် မှတ်သားခဲ့ကြကြောင်း ကော်မရှင်က တရားဝင်သတင်းထုတ်ပြန် ခဲ့ပါသည်။

ထို့အတူအင်းစိန်အကျဉ်းထောင် ၌ထားရှိသည့် အကျဉ်းသားအရေ အတွက်သည် အများဆုံးထားရှိနိုင်သည့် အရေအတွက်ထက်များစွာ ကျော်လွန်လျက်ရှိကြောင်း၊ အကျဉ်းထောင် အတွင်း ကျပ်တည်းစွာနေထိုင်ရမှု သည် အကျဉ်းသားများ အဆင်မပြေမှုများ၏ အခြေခံ အကြောင်းတရား ဖြစ်သဖြင့် အဆိုပါ အခြေအနေကို အချိန်မီ အရေးယူဆောင်ရွက်သင့် ကြောင်း ကော်မရှင်ကသုံးသပ်အကြံ ပြုခဲ့သည်ဟု သိရသည်။

တွေ့ဆုံမေးမြန်းခဲ့သောအကျဉ်းသားများ အနေဖြင့် နိုင်ငံတော်သမ္မတ က ထပ်မံ၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မည်ဟု စိတ်အားထက်သန်စွာ မျော်လင့်နေကြကြောင်း၊ ယင်းကိစ္စ နှင့် ပတ်သက်၍ကော်မရှင်သည် ကျန်ရှိနေသော အကျဉ်းသားများအနက် နိုင်ငံတော်တည်ငြိမ်ရေးနှင့်အများ ပြည်သူအေးချမ်းသာယာရေးကို ထိပါးခြင်းမရှိနိုင်သည့် အကျဉ်းသားများ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ က နိုင်ငံတော်သမ္မတထံ တင်ပြမေတ္တာ ရပ်ခံခဲ့ကြောင်း၊ အဆိုပါမေတ္တာရပ်ခံချက်ကို ကော်မရှင်ကလေးနက်စွာ ထပ်လောင်းတင်ပြကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

0 comments: