စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 2, 2012

အမျိုးသားလွှတ်တော်၏ ကော်မတီနှစ်ရပ်မှ မီဒီယာဥပဒေနှင့် ပတ်သက်သော အကြုံဥာဏ်တောင်းခံပွဲပြုလုပ်

အမျိုးသားလွှတ်တော်မှ ပြည်သူတို့၏ တိုင်ကြားစာ အသနားခံစာဆိုင်ရာ ကော်မတီမှ အတွင်းရေးမှူး ဦးရှုမောင် ရှင်းလင်းပြောကြားစဉ်


အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ အသနားခံစာဆိုင်ရာ ကော်မတီနှင့် လွှတ်တော် အခွင့်အရေးကော်မတီတို့က မီဒီယာဥပဒေနှင့် ပတ်သက်သော အကြံဥာဏ်တောင်းခံပွဲကို ဇန်န၀ါရီလ ၂ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ပါသည်။

အဆိုပါပွဲတွင် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ/ လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ငြိမ်းမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ရှင်းလင်းဆွေးနွေးရာတွင် မီဒီယာဥပဒေနှင့် ပတ်သက်သော အကြံတောင်းခံခြင်းကို အနည်းငယ်မျှသာ ပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေနှင့် ပတ်သက်သော အကြောင်းအရာများကို အများဆုံး ပြောဆိုခဲ့ပါသည်။ ပြောဆိုချက်များတွင် နိုဝင်ဘာလ ၁၁ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဇေကမ္ဘာဦးခင်ရွှေ ပြောကြားခဲ့သော စကားများမှ အစပြုကာ ထိုကိစ္စနှင့် စပ်လျဉ်းပြီး မီဒီယာသမား ၁၉၅ ဦး လက်မှတ်ရေးထိုးထားသော ကန့်ကွက်လွှာကို အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာ အသနားခံစာဆိုင်ရာ ကော်မတီမှ လက်ခံရရှိခဲ့ကြောင်း၊ ထို့အတွက်ကြောင်း ၄င်းတို့မှ ရှင်းလင်းရန် တာဝန်ရှိလာခဲ့ကြောင်း၊ အမှန်အားဖြင့်မူ ထိုကိစ္စရပ်မှာ အထင်အမြင်လွဲမှားခဲ့သော ကိစ္စရပ်သာ ဖြစ်ကြောင်း၊ ဦးခင်ရွှေဘက်မှလည်း မီဒီယာသမားများကို နစ်နာစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြောဆိုခြင်း မဟုတ်သည်ကို ပြောကြားထားကြောင်း၊ ဦးခင်ရွှေသည် စိတ်သဘောထားကောင်းသူ တစ်ဦးဖြစ်ကြောင်း အစရှိသဖြင့် ပြောဆိုခဲ့ပါသည်။

ထို့နောက် အမျိုးသားလွှတ်တော်မှ ပြည်သူတို့၏ တိုင်ကြားစာ အသနားခံစာဆိုင်ရာ ကော်မတီမှ အတွင်းရေးမှူး ဦးရှုမောင်က ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့က ပြုလုပ်ခဲ့သော ဦးခင်ရွှေ၏ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်း ပြောဆိုခြင်းကို သီးခြားအနေဖြင့် ဆက်လက်ပြောကြားခဲ့ပါသည်။

ထိုပြောကြားမှုများအပြီးတွင် ပြည်တွင်းမီဒီယာများမှာ အကြံပြုဆွေးနွေးခြင်းကို ပြုလုပ်ခဲ့ရာ မီဒီယာသမားများက မိမိတို့အနေဖြင့် မီဒီယာဥပဒေနှင့် ပတ်သက်သော အကြုံဥာဏ်တောင်းခံပွဲဟု အမည်တပ်ထားသဖြင့် ထိုကိစ္စရပ်ကိုသာ ပြောဆိုမည်ထင်၍ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုလာရောက်ချိန်တွင် မူလခေါင်းစဉ်နှင့် သွေဖယ်ပြီး ဦးခင်ရွှေအကြောင်းများသာ ဖြစ်နေခဲ့ကြောင်း၊ ဟိုတယ်အ၀င်ဝတွင်လည်း ယခုပြုလုပ်မည့် အခမ်းအနားကို ဇေကမ္ဘာကုမဏီ၏ အစည်းအဝေးဟု အမည်တပ်ထားသည်ကို တွေ့ခဲ့ရကြောင်း၊ မိမိတို့ အနေဖြင့် ဦးခင်ရွှေအကြောင်း ရှင်းလင်းမည်ဟု မထင်မိဘဲ ယခုပွဲကို ဦးခင်ရွှေက စပွန်ဆာပေးသည်ဟုသာ ယူဆခဲ့ကြောင်း၊ လက်တွေ့တွင်မူ ဖိတ်ကြားထားသည့် ခေါင်းစဉ်နှင့် သွေဖယ်နေကြောင်း၊ လွှတ်တော်လူကြီးမင်းများအနေဖြင့် ဦးခင်ရွှေကိုယ်စား ရှင်းလင်းပေးသည်ဟု ဆိုသော်လည်း ယခုကိစ္စကို ဦးခင်ရွှေကိုယ်တိုင် ရှင်းလင်းတင်ပြပါက ပိုမိုသင့်လျော်မည်ဖြစ်ကြောင်း အစရှိသော ကိစ္စရပ်များနှင့် မူလခေါင်းစဉ်ဖြစ်သည့် မီဒီယာဥပဒေနှင့် ပတ်သက်ပြီး သဘောထား အမြင်များကို ကော်မတီဝင်များသို့ ပြောဆိုခဲ့ကြပါသည်။

မီဒီယာသမားများ ပြောဆိုခဲ့ပြီးနောက် အခမ်းအနားအတွက် နိဂုံးချုပ်စကားကို အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ/ လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ငြိမ်းက ပြောကြားခဲ့ပါသည်။ ယင်းသို့ပြောကြားရာတွင် ၄င်းတို့ အနေဖြင့် မီဒီယာဥပဒေနှင့် ပတ်သက်သော အကြံဥာဏ်တောင်းခံခြင်းကို ပြုလုပ်လိုသည့်အတွက် ယခုပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုအကြောင်းမှာ နည်းပါးသွားပြီး ဦးခင်ရွှေအကြောင်း များသွားသည့်အပေါ် အထင်လွဲမှုရှိခဲ့သည့် အပေါ် တောင်းပန်ပါကြောင်း၊ ယခုပွဲနှင့် ပတ်သက်၍ လည်းကောင်း၊ ဦးခင်ရွှေနှင့် ပတ်သက်၍ လည်းကောင်း နားလည်မှုလွဲမှားစရာများ ရှိခဲ့ပါက တောင်းပန်ပါကြောင်း အစရှိသဖြင့် ပြောဆိုခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

0 comments: