စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, January 2, 2012

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းခွင့်ကြေညာ နိုင်ကျဉ်းမိသားစုဝင်များ စိတ်ပျက်

ဇန်န၀ါရီ ၂၊ ၂၀၁၂ (YPI)

သဘက်ခါတွင်ကျရောက်မည့် လွတ်လပ်ရေးနေ့ကို ကြိုဆိုသည့်အားဖြင့် အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာပြီးနောက် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများ စိတ်ပျက်လျှက်ရှိကြောင်ုး ပြောဆိုကြသည်။

ယနေ့ညနေ ၄ နာရီတွင်ကြေညာသည့် ကြေညာချက်အရ သေဒဏ်ကျခံရသူများအား ထောင်ဒဏ် တသက်သို့၎င်း၊ နှစ် ၃၀ နှင့် အထက်ဆိုပါက နှစ် ၃၀ သို့၎င်း၊ နှစ် ၂၀ မှ ၃၀နှစ် အထိ ဆိုပါက ၂၀ နှစ်သို့၊ နှစ် ၂၀ အောက် ဆိုပါက ၄ပုံ၁ ပုံလျော့ပေါ့ မည်ဟု ပါရှိသည်။

ယနေ့ ညနေ ကြေညာချက် ထွက်ပေါ်လာခါစတွင် ကြေညာချက်အပေါ် ရှင်းလင်းစွာ နားမလည်ပဲရှိရာမှ နောက်တကြိမ် သတင်းကြေညာပြီးနောက်တွင်မူ နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များက စိတ်ပျက်ကြောင်း ပြောဆိုကြသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် လွတ်မြောက်မည့်အထဲ မပါဝင်နိုင်ခြင်းနှင့် ပတ်သက်ပြီး မမီမီလွင်က “ မပါပါဘူးရှင် မပါပါဘူး၊ ဒီအတိုင်းဆို နှစ် ၄၀ လောက် ကျန်ဦးမယ်” ဟု YPI သို့ပြောသည်။

ထို့အတူ ကျောက်ဖြူထောင်သို့ ထောင်ဝင်စာ သွားတွေ့လျှက်ရှိသူ နိုင်ငံရေး အကျဉ်းသား ကိုဝင်းမော် (ရွှေသံစဉ်) ၏ ဇနီးဖြစ်က “ စိတ်ဓါတ်ကျသွားပြီ၊ တော်ပြီ ပြန်တော့မယ်၊ ကျောက်ဖြူထောင်မှာတော့ နိုင်ငံရေး အကျဉ်းသား တယောက်မှ မလွတ်ဘူး” ဟု ပြောသည်။ ကိုဝင်းမော်၏ ဇနီးနှင့် သမီးဖြစ်သူတို့မှာ လွတ်လပ်ရေးနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုမည် ဆိုသည့်သတင်းကြောင့် ကြိုဆိုရန် ရည်ရွယ် သွားရောက် ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် ၂ ကြိမ်ကြေညာခဲ့သော်လည်း ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားအများအပြား လွတ်မြောက်လာခြင်းမရှိသေးပေ၊ မလွတ်မြောက်လာသည့် အထဲတွင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်အချို့၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ နှင့် သတင်းထောက်များပါဝင်သည်။ ။

0 comments: