စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, January 3, 2012

ဒီကနေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်းများ

ယနေ့နံနက် ၁၀ နာရီခွဲ

ဒီကနေ့ အင်းစိန်ထောင်ရှေ့မြင်ကွင်းများ

အင်းစိန်မှလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဦးကြည်သန်း

အင်းစိန်အကျဉ်းထောင်ရှေ့လာရောက်စောင့်ဆိုင်းနေသူများ

အင်းစိန်အကျဉ်းထောင်ရှေ့လာရောက်သတင်းရယူနေသူများ

အကျဉ်းကျခံနေရသူများနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၏ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့နံနက် (ဇန်န၀ါရီ ၃ရက်) တွင် ရန်ကုန်အင်းစိန်ထောင်ရှေ့ လာရောက်စောင့်ဆိုင်းသူများမှာ ယခင် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့စဉ်ကထက် များစွာနည်းပါကြောင်း သတင်းရရှိပါသည်။ ယခုလာရောက်စောင့်ဆိုင်းနေသူများမှာ ၁၅၀ကျော်ခန့်သာ ရှိကြောင်း သိရှိရပါသည်။ အတည်မပြုနိုင်သေးသော သတင်းများအရ အင်စိန်ထောင်မှ လွှတ်ပေးရန်ရှိသော အကျဉ်းသားအရေအတွက်မှာ ကျား ၈၀၀ဦးခန့်နှင့် မ ၁၀၀ဦး ခန့်ဖြစ်ကြောင်း သိရပါသည်။

နံနက် ၉ နာရီခွဲတွင် အင်းစိန်အကျဉ်းထောင်မှ လွှတ်ပေးလိုက်သော (၃)ဦးအနက် နှစ်ဦးမှာ နိုင်ငံရေးအကျဉ်းသားများဖြစ်သည်။ ပထမတစ်ဦးဖြစ်သူ ဦးကြည်သန်း (၈၈) သည် ၂၀၀၇ ခုနှစ်တွင် အသင်းအဖွဲ့ဥပဒေဖြင့် ထောင်ဒဏ် (၉)နှစ်ကျခံခဲ့ရသူဖြစ်ပြီ...း (၄)နှစ် အယူခံနိုင်ခဲ့ကာ ထောင်တွင်း၌ (၄)နှစ် (၄)လ နေခဲ့ရသူဖြစ်သည်။ ဒုတိယတစ်ဦးမှာ ကိုသန်းနိုင်ဦး (NLD မန္တလေးတိုင်းတာဝန်ခံ) ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပုံနှိပ်စက္ကူဥပဒေဖြင့် ထောင်ဒဏ် (၃)နှစ် ကျခံခဲ့ရကာ ထောင်တွင်း၌ (၁) နှစ် (၃)လ နေခဲ့ရကြောင်း သိရပါသည်။

အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်မည့်သူ အများစုမှာ ဆေးမှု၊ လိမ်လည်မှုဖြင့် အကျဉ်းကျခံနေရသူများဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၁၀၀ ကျော် လွှတ်ပေးပြီး ဖြစ်ကာ စုစုပေါင်း ၉၃၄ဦး၊ ကျား ၈၀၄ ဦး၊ မ ၁၃၀ဦး လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။ ကျန်အကျဉ်းသားများအား နံနက် ၁၁ နာရီကျော်တွင် ထပ်မံလွှတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သရက်ထောင်မှ နှစ်၃၀အထက် အကျဉ်းကျခံနေရသူ ကျား(၂)ဦး၊ နှစ်၂၀ နှင့် ၃၀ ကြား အကျဉ်းကျခံနေရသူကျား(၂)ဦး၊ ၂၀ နှစ်အောက်အကျဉ်းကျခံနေရသူ ကျား(၇၃)ဦး၊မ(၁၃)ဦး၊စစ်တပ်ဥပဒေဖြင့်အကျဉ်းကျခံနေရသူ(၁၃)ဦး၊သီးသန့်(၁)ဦး စုစုပေါင်း (၁၀၄)ဦး ပြန်လည်လွတ်မြောက်လာမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ ပုဂ္ဂိုလ်များတွင် ၂၀၀၃ ပခုက္ကူအရေးအခင်းနှင့် ၂၀၀၇ သံဃာ့အရေးအခင်းများတွင် အကျဉ်းကျခံနေရသူများလည်း ပါဝင်ကြောင်း သိရသည်။ ထို့အပြင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျုံးဝင်သူ (၁၇)ဦးကိုလည်း လွတ်ငြိမ်းခွင့်ပေးရန်ထပ်မံတင်ပြထားကြောင်း သရက်အကျဉ်းထောင်တွင်သွားရောက်သတင်းရယူနေသော The Messenger ဂျာနယ်မှ အကြီးတန်း သတင်းထောက် က သရက်အကျဉ်းထောင်ရှေ့မှတိုက်ရိုက်သတင်းပေးပို့သည်။

တတိယ အကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အရ မန္တလေးအိုးဘို အကျဉ်းထောင်မှ လွတ်မြောက်လာသူများထဲတွင် NLD ပါတီဝင် တစ်ဦးတစ်ယောက်မျှ မပါဝင်ဘဲ ပုဒ်မ ၁၉/စ နှင့် ၅/၃ အရ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသော ကယန်း ပြည်သစ်ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဌေးအောင် အပါအ ၀င် ၁၀ ဦးသာ လွတ်မြောက်လာကြောင်း သိရှိရသည်။
မန္တလေးအိုးဘို အကျဉ်းထောင် မှ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် အမျိုးသမီး ၆၉ ဦး၊ မွန်းလွဲ ၂ နာရီ ၇ မိနစ်တွင် အမျိုးသား ၄၃ ဦး လွတ်မြောက်လာကြောင်း သိရ ပြီး ဆက်လက် လွှတ်ပေးသွားဦးမည်ဟုလည်း စုံစမ်းသိရှိရသည်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်စာရင်း (ဇန်န၀ါရီ ၃၊ မွန်းလွဲ ၂ နာရီ) (နေ့ခင်း ၁ နာရီထိ ရသည့်စာရင်း အရ ၁၆ ယောက်သာ အတည်ပြုနိုင်သေးသည်)

ပူတာအို ထောင်မှ ဦးရဲမြင့်ခေါ် ဆရာရဲ (ပဲခူး) ၊

ပြည်ထောင်မှ ကိုအောင်ကျော် (အန်အယ်လ်ဒီ)၊

မြိတ်ထောင်မှ ဦးရဲညွန့်၊

ပုသိမ်ထောင်မှ ကိုအောင်ထွန်း (သင်္ဃန်းကျွန်း အန်အယ်လ်ဒီ) နှင့် ကိုဇော်မျိုးထိုက် ၊

စစ်တွေထောင်မှ နေမိုးအောင်၊

တောင်ကြီးမှ မောင်ဘိ (ပအိုဝ်း)၊

မန္တလေးထောင်မှ ကိုမြတ်ဆွေ၊ တောင်ကြီးထောင်မှ အိုက်အွန်(ပလောင်)၊ တောင်ကြီးထောင်မှမောင်လှ(ရှမ်း)၊ တောင်ကြီးထောင်မှ ဦးဝိစိန်ဂျာ၊ ပုသိမ်ထောင်မှ ဇော်မျိုးထိုက်၊ ကသာထောင်မှ ဇော်မင်းဦး(ခ)ကျော်ကွန့်၊ အင်းစိန်ထောင်မှဦးကြည်သန်း၊ ဦးသန်းနိုင်ဦး၊ စောဆေးကလဲ၊ လွတ်မြောက်သည်ဟု သိရှိရသည်။ ထပ်မံသိရှိရသမျှ ဖေါ်ပြပေးသွားပါမည်။ YPI

0 comments: