စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Tuesday, January 3, 2012

တောင်ကြီးအကျဉ်းထောင်မှ အကျဉ်းသား၂၀၃ ယောက် လွတ်မည့်အနက် နိုင်ကျဉ်း ၂ ယောက်သာပါဝင်

လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရတောင်ကြီးထောင်တွင် အကျဉ်းသား ၂၀၃ ဦးလွတ်မြောက်မည်ဖြစ်သော်လည်း နိုင်ငံရေး အကျဉ်းသား ၂ ဦးသာ ပါဝင်ကြောင်း တောင်ကြီး (NLD) မှ ဒေါ်ခင်မိုးမိုးက YPI သို့ပြောသည်။

အဆိုပါလွတ်လာမည့် နိုင်ငံရေးအကျဉ်းသား၂၀၃ ဦးထဲတွင် ပုဒ်မ(၁၇)(၁) (၂) (မတရားအသင်း ဆက်သွယ်မှု) ဖြင့် ထောင်ကျသူနှစ်ဦးသာ ပါဝင်ပြီး တပ်ပြေးမှုဖြင့် ၇၃ ယောက်ပါဝင်မည်ဖြစ်သည်။ှ



အကျဉ်းထောင်ရှေ့ စောင့်ဆိုင်းနေကြသူများ

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့် ကိုဇော်သက်ထွေး ၈၈မျိုးဆက်မှ ကိုမြအေးတို့ပါဝင်ခြင်းမရှိဘဲ နှစ်အနည်းငယ်သာကျနေသည့် နိုင်ငံရေးအကျဉ်းသားများလည်း လွတ်မြောက်လာခြင်း မရှိသေးဟု ဆိုသည်။

"မန္တလေးကကိုဇော်ဝင်းလေးဆို၂၀၀၈ မှာ နိုင်ငံရေးပုဒ်မနဲ့ပဲ ခြောက်နှစ်ပဲကျတယ်။ သူတို့လည်းမလွတ်သေးဘူး။ ပုဒ်မ(၁၇)(၁)(၂)နဲ့လွတ်လာမဲ့နှစ်ယောက်ကိုလည်း အခုအချိန်ထိ နာမည်မသိသေးဘူး"ဟု၎င်းကဆိုသည်။

ယခုလွတ်လာသည့် အကျဥ်းသား၂၀၃ ဦးမှာတောင်ကြီး အကျဥ်းထောင်တခုတည်း၏ စာရင်းဖြစ်ပြီး တောင်ကြီးဝန်းကျင်ရှိ အခြားအကျဉ်းထောင်များ၏ စာရင်းကိုမူ အတိအကျမသိရသေးဟုဆိုသည်။

"ဒီပုံဆို နိုင်ငံရေးအကျဉ်းသားတွေမလွတ်လောက်သေးဘူး။ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်တော့ ၈၈ ကျောင်းသားတွေမလွှတ်ပေးလောက်သေးဘူး။ အနည်းဆုံးဒေါ်စုလွှတ်တော်ထဲရောက်ပြီး လွတ်လာတဲ့လူတွေကို ထိန်းနိုင်တဲ့အခြေအနေလောက်မှ လွှတ်ပေးမဲ့သဘောရှိတယ်" ဟုဒေါ်ခင်မိုးမိုး ကဆိုသည်။

ဒေါ်ခင်မိုးမိုးသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီတည်ထောင်သူ ၂၁ ဦးထဲမှတဦး အပါအ၀င်ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သူ ကို ချစ်ကိုလင်းက “ ကျွန်တော်တို့ နိုင်ကျဉ်းမိသားစုတွေတော့ အခု လွတ်ငြိမ်းချမ်းသာခွင့်ကို စိတ်ပျက်တယ်၊ မျှော်လင့်ထားသလောက် ဖြစ်မလာဘူး၊ အန်အယ်လ်ဒီဆို ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေပြီ ဒီအခြေအနေမှာ မလွတ်သေးတာတော့ စိတ်ပျက်တယ်” ဟု ပြောသည်။ ၎င်း၏ ဇနီးဖြစ်သူ မသက်သက်အောင်မှာ ယခုလက်ရှိ မြင်းခြံအကျဉ်းထောင်တွင် အကျဉ်းကျခံနေရဆဲ ဖြစ်သည်။

ယခုတခေါက်ပေးသည့်လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ချမှတ်ခံရသူများကိုကို ထောင်ဒဏ်တစ်သက်၊ ထောင်ဒဏ်တစ်သက်အထိ မဟုတ်ဘဲ နှစ် ၃ဝ အထက် ကျခံနေရသူများကို နှစ် ၃ဝ၊ နှစ် ၂ဝ ကနေ နှစ် ၃ဝ အထိ ကျခံနေရသူများကို နှစ် ၂ဝ၊ နှစ် ၂ဝ အောက် ကျခံနေရသူများကို ချမှတ်ထောင်ဒဏ်၏ လေးပုံတစ်ပုံ အသီးသီး လျှော့ပေါ့ပေးလိုက်ခြင်းဖြစ်သည်။

နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ကို နိုင်ငံတကာနှင့် ပြည်တွင်း အတိုက်အခံ နိုင်ငံရေးအဖွဲ့များမှ အစဉ်တစိုက်တောင်းဆိုခဲ့သော်လည်း ယခင်နှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့် ၂ ကြိမ်၊ ယခုတကြိမ် ပေါင်း ၃ ကြိမ်ကြေညာသော်လည်း နိုင်ငံရေး အကျဉ်းသား ရာနှင့်ချီကျန်ရှိနေဦးမည် ဖြစ်သည်။ ။

0 comments: