ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် နန့်စန်မြို့ အမှတ်(၄) အသောကရာ မကျောင်းတိုက် တောင် ကျောက်လှိုဏ်ဂူတွင် အောင်မြေ သာဇံကပ်ကျော် ဆုတောင်းပြည့် ဘုရားရုပ်ပွား တော်မြတ် ရှိရာ ရုပ်ပွား တော်လှိုဏ်ဂူ အမိုးတွင် ပျားကြီးအုံ ၄၀ကျော် နှစ်စဉ်လာ ရောက်စွဲကပ် မှုရှိကြောင်း သိရသည်။ “ခါတိုင်းနှစ်တွေမှာ ဝါဆိုလကနေ တန်ဆောင် မုန်းလ အထိ လာ ရောက်စွဲကပ် တယ်။ ပျားကြီးမျိုး ပျားအုံကြီးတွေပါ။ ဒီနှစ် တန်ဆောင် မုန်းလဆန်းမှာ စစွဲတယ်။
ဒီလိုလာစွဲ တာကြာပြီ။ ပျားကြီးအုံ ၄၀ကျော် ၅၀ နီးပါးနှစ်စဉ် တွေ့ရတယ်။ အခု လောလောဆယ် ၁၅အုံစွဲကပ် နေပြီ။ ဒီလို လာစွဲတာကို အကြောင်းပြုပြီး ဘုရားဖူး သူတွေက ပျားဘုရားလို့ ဘွဲ့သမုတ် ခေါ်ဝေါ်ကြ တယ်”ဟု ကျောင်းတိုက် ဆရာတော် ဦစန္ဒာဝရက မိန့်သည်။ လာရောက်စွဲကပ်သည့် ပျားများကို ဒေသခံများက ဘုရားဖူးပျား များအဖြစ်သတ်မှတ်ရာ နှစ်စဉ်ထူးခြားစွာ စွဲကပ်မှုကြောင့် တချို့ဘုရား ဖူးလာ ရောက်သူများက ထူးခြားထင်ရှား ပျားဘုရားဟု အသိအမှတ်ပြု ပြောဆိုကြ သည်။
လာရောက်စွဲကပ် နားခိုသည့်ပျားများမှာ ပျားကြီးမျိုး ဖြစ်ပြီး ဒေသတွင်း မယ်ဇလီပန်းပွင့်ချိန်၊ ပန်းနှမ်းပွင့် ချိန်နှင့် အခြားစိုက် ခင်းသီးနှံပန်းများ ပွင့်ချိန်တွင် ပန်းဝတ်ရည် စုပ်ရင်း အနှောက်အယှက် ကင်း၍ မိုးလုံသော နေရာအဖြစ် စွဲကပ်မှုရှိကြောင်း သိရသည်။ ဒေသခံများအနေဖြင့် လှိုဏ်ဂူအမိုးတွင် လာရောက် စွဲကပ်ချိန်တွင် နှစ်စဉ်ပျားအုံများစွာ လာရောက် ခိုလှုံသော်လည်း ဘုရားပန်းကပ်လှူသူ များ၊ ဘုရားဖူးများ အနီးတွင်ပျံသန်း နေကြသော်လည်း အန္တရာယ်ပြုခြင်း လုံးဝမရှိသဖြင့် ထူးခြား သည့်ပျား ဘုရား၏ တန်ခိုးတော် ကြောင့်ဖြစ် ကြောင်း မှတ်ချက်ပြုကြသည်။
မြစည်
0 comments:
Post a Comment