စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, December 1, 2011

မန္တလေး စက်မှုဇုန်အတွင်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်း ခင်းကျင်း



မန္တလေးစက်မှုဇုန်အတွင်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်း စတင်ခင်းကျင်းလျှက်ရှိကြောင်း သိရသည်။''မန္တလေးစက်မှုဇုန်ရဲ့ အရှေ့အနောက် အဓိကလမ်းမကြီး လေးလမ်းဖြစ်တဲ့ ယောမင်းကြီးလမ်း၊ သခင်ဖိုးလှကြီးလမ်း၊ ကနောင်လမ်းနဲ့ ဖိုးရာဇာလမ်းတွေကို ပြုပြင်ဖို့ လမ်းအလိုက် လမ်းပြုပြင်ရေး အနီးကပ် ကြီးကြပ်မှု ဆပ်ကော်မတီတွေကို ဖွဲ့စည်းပြီး လုပ်နေကြပါတယ်။ အခု ဖိုးရာဇာလမ်းကို စပြီးကွန်ကရစ် လမ်းခင်းနေပါတယ်''ဟု စက်မှုလုပ် ငန်းရှင်တစ်ဦးက ပြောကြားသည်။

ဖိုးရာဇာလမ်းကို ၅၁ လမ်းမှ ရန်ကုန်-မန္တလေးလမ်းမကြီးအ ထိ ပေ ၁၁၇၀၀ ကွန်ကရစ်လမ်း ခင်းကျင်းရန်ရှိရာတွင် ၅၉ လမ်းမှ ရန်ကုန်- မန္တလေးလမ်းမကြီးအထိ ပေ ၇၆၅၀ကိုပထမအဆင့် အနေဖြင့် စတင် ခင်းကျင်းခြင်းဖြစ်ကြောင်း၊ လမ်းသားအကျယ်၂၄ပေ၊၉ လက်မ ထုနှင့်လမ်းပခုံးသားတစ်ဖက်သုံးပေ စီရှိကြောင်း သိရသည်။''အခုခင်းတာက စိုက်ထုတ်အ လှူရှင်ရှိလို့ ခင်းတာပါ''ဟု ဖိုးရာ ဇာလမ်း အနီးကပ်ကြီးကြပ်မှု ဆပ် ကော်မတီတစ်ဦးက ပြောသည်။

မန္တလေးစက်မှုဇုန်အတွင်းရှိ လမ်းများမှာမိုးရာသီတွင် ရေအိုင်များနှင့် ရွှံ့ဗွက်များထနေကြောင်း၊ဆောင်းရာသီနှင့် နွေရာသီတို့တွင် ဖုန်တထောင်းထောင်းထနေကြောင်း၊ လမ်းအများစုမှာ စက်မှုဇုန်စတင်တည်ကာစကတည်းက ခင်းထားသော လမ်းများဖြစ်ပြီး ပြန်လည်ပြုပြင်ခြင်းမရှိဘဲ လုပ်ငန်းရှင်များကသာ ကိုယ်ထူကိုယ်ထ ခင်းကျင်းရခြင်းဖြစ်ကြောင်း၊ အချို့သောလမ်းများမှာ အသုံးပြု၍မရအောင် ပျက်စီးခြင်းနှင့် အမှိုက်ပုံများ၊ သစ်ပင်ချုံပုတ်များဖြင့် လမ်းပိတ်ခြင်းများအထိ ရှိနေကြောင်း သိရသည်။

မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီရုံး၊ ကနောင်ခန်းမတွင် အောက်တိုဘာလအတွင်းက မန္တ လေးတိုင်းဒေသကြီး လျပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် စက်မှုဇုန် အတွင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ လမ်းမကြီးလေးသွယ်ပြုပြင်ရေး အနီးကပ်ကြီးကြပ်မှု ဆပ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယခုလမ်းကိစ္စသည် နောင်တစ်ချိန်တွင် စက်မှုဇုန်အတွင်းနေထိုင်ကြသော လုပ်ငန်းရှင်များသာ ခံစားရမှာဖြစ်သည့်အတွက် ဖွဲ့စည်းထားသော လမ်းကော်မတီများအနေဖြင့် NGO သဘောမျိုးဖြင့် အားလုံးတူညီသော စိတ်ဓာတ်အခြေခံထားပြီး ဆောင်ရွက်သွားကြရန်နှင့် ရန်ပုံငွေရရှိမှုအတွက် ဘယ်အိမ်မှ ဘယ်လောက်ထည့်သင့်ကြောင်း၊ဘယ်လိုလုပ်ငန်းရှင်မှ ဘယ်လောက်ထည့်သင့်သည် စသည့်တို့ကို လမ်းတိုင်း စုပေါင်းစာရင်းပြုစုပြီး ဆုံးဖြတ်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန္တလေးစက်မှုဇုန်ကို ၁၉၉၀ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဇုန်သက်တမ်းနှစ် ၂၀ ကျော်သည်အထိ ရေပေးဝေရေးစနစ်နှင့် ရေနုတ်မြောင်းစနစ်မရှိသေးကြောင်း သိရှိရသည်။

0 comments: