စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 5, 2011

ပဲဈေးကွက်အတွင်း ကျပ်သိန်းပေါင်း ငါးသောင်းနီးပါး လိမ်လည်ခဲ့သူ ဦးဇော်ငယ်မှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေ

ပဲဈေးကွက်အတွင်း ကျပ်သိန်းပေါင်း ငါးသောင်းနီးပါး လိမ်လည်ခဲ့သူ ဦးဇော်ငယ်(ခ) ဦးဇော်သန်းထိုက် (စိန်နန်းထိုက် ကုမ္ပဏီလီမိတက်) သည် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းရုံးခန်း၌ ဒီဇင်ဘာလ ၃ ရက် နေ့လယ်ပိုင်းက ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် အဆိုပါအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားခဲ့သည်။

''ပဲလောကမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ငွေကြေးလိမ်လည်မှုမှာ ကျူးလွန်ခဲ့တဲ့ဦးဇော်ငယ်(ခ) ဦးဇော်သန်းထိုက်ဟာ နိုဝင်ဘာလ ၂၄ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်မှာ သူ့ရဲ့မိသားစုနဲ့အတူ Air Asia လေကြောင်းလိုင်းနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ထွက်ခွာသွားတာတွေ့ ရှိရတယ်'' ဟု အသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားခဲ့သည်။

''ဦးဇော်ငယ်(ခ) ဦးဇော်သန်းထိုက်ဟာ သူပိုင်ဆိုင်တဲ့အမှတ်- D၊ ၅/၆၊ ရွှေဇလပ်လမ်း၊ (၄)ရပ်ကွက်၊ ရွှေပုန်းညက်ရိပ်မွန်၊ ကမာရွတ်မြို့နယ်က တိုက်ခန်းကိုလည်း နိုဝင်ဘာလ ၁၈ ရက်နေ့ကတည်းက ရောင်းချခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ နောက်ပြီးရုံးခန်းနဲ့ ဂိုဒေါင်က လည်း ကိုယ်ပိုင်မဟုတ်ဘဲ ငှားရမ်းသုံးစွဲခဲ့တာတွေလို့လည်း သိရှိရတယ်။ ဒါကြောင့် ရည်ရွယ်ချက်ရှိရှိ ကြိုတင်ပြင်ဆင်ပြီး ယုံကြည်မှုကို အလွဲသုံးစား လိမ်လည်သွားတာ ဖြစ်တယ်လို့ သုံးသပ်ရပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

''အခုဖြစ်ပွားခဲ့တဲ့ လိမ်လည်မှုကြောင့် တစ်ဦးချင်းအနေနဲ့ များပြားလှပါတယ်။ ရန်ကုန်က လုပ်ငန်းရှင်တွေပါဝင်သလို နယ်က တောင်သူတွေပါ အထိနာခဲ့တာပါ။ နယ်ဆိုတာက ပဲခူးအရှေ့၊ အနောက်နဲ့ ဧရာဝတီက တောင်သူတွေ များပါတယ်။ အဲဒီကိစ္စဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်ဝန်းကျင်တုန်းကတော့ ပဲဈေးက ကျပ် ၄၃၅၀၀၀ ထိ အေးနေပေမယ့် ဒီဇင်ဘာလ ၃ ရက်နေ့ဆိုရင် ကျပ် ၄၆၇၀၀၀ ထိပြန်ဖြစ်လာပြီဆိုတော့ ပုံမှန်အခြေအနေလောက် ပြန်ရောက်လာပါပြီ''ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

0 comments: