စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, December 8, 2011

လက်လီ အရောင်းပြုပြင် ပြောင်းလဲ ရေးနှင့် ပတ်သက်ပြီး ပြင်သစ်စတိုးတွင် ဆန္ဒပြ




လက်လီ အရောင်းကဏ္ဍကို ပြည်ပ ကုမ္ပဏီများအား ရောင်းချခွင့် ပြုသည့် ပြုပြင်ပြောင်းလဲမှုများကို ကန့်ကွက်ဆန္ဒပြရန် ရာပေါင်းများ စွာသော ဒေါသ ထွက်နေကြသည့် လူများသည် ဂျိုင်ပါးမြို့၊ ကာရီဖိုး လက်ကားစတိုးဆိုင်၌ စုဝေးခဲ့ကြ သည်။

ဒေသခံရဲအရာရှိများက အလုပ်သမားအဖွဲ့အစည်းများမှ ကန့်ကွက်ဆန္ဒပြသူများနှင့် အဓိက အတိုက်အခံ ဘာယာတီယာဂျာနာ တာပါတီ BJP တို့သည် ပြင်သစ် ပိုင် စတိုးဆိုင်အတွင်းသို့ဝင်ရောက် ခဲ့ကြကြောင်း အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောပြသည်။

ဘီဂျေပီသည် လွန်ခဲ့သော အပတ်ကကြေညာခဲ့သော လက်လီ ကဏ္ဍနှင့်ပတ်သက်ပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင် ဆန့်ကျင် ခဲ့ကြသည်။ ယင်း ပြုပြင် ပြောင်းလဲမှုသည် အသေးစား မိသားစုပိုင် စတိုးဆိုင်များကို ပျက် စီးစေမည်ဟု ဝေဖန်သူများက ပြော ကြားကြသည်။ ပြည်ပကုမ္ပဏီကြီး များကို အိန္ဒိယတွင်လက်ကားစတိုး များလုပ်ကိုင်ရန် ခွင့်ပြုခဲ့သည်။

သို့သော် ပြုပြင်ပြောင်းလဲမှုအသစ် အရ ၄င်းတို့သည်စူပါမားကက်ကြီး များမှတစ်ဆင့် စားသုံးသူများသို့ သည်။ ကျွန်ပ်တို့ဟာ လက်လီ လက်ကားတွင် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့် ကွက်ခြင်းဖြစ်တယ်ဟု ရာဂျာ စသန်ပြည်နယ်မှ ဘီဂျေပီ ခေါင်း ဆောင် အာရွန်ချက်တာဗီဒီကပြော ကြားခဲ့သည်။ လက်လီကဏ္ဍ ပြုပြင်ပြောင်း လဲမှုကို အာဏာရ ကွန်ဂရက်ညွန့် ပေါင်းအဖွဲ့အတွင်းရှိ ပါတီများ အပါအဝင် ဥပဒေပြုအမတ် အများ အပြားက ဆန့်ကျင်ကြသည်။

0 comments: