ဖိလစ်ပိုင်နိုင်ငံတွင် ယခုအခါ အစိုးရ အထက်တန်း ကျောင်းပေါင်း ၃၃,ဝ၀၆ ကျောင်းရှိ ကျောင်းသား ၄ ဒသမ ၄ သန်းခန့်သည် အင်တာနက် အသုံးပြုခွင့် ရရှိနေပြီး လာမည့် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတစ်ဝန်း လုံးရှိ အထက်တန်း ကျောင်းအား လုံးတွင် အင်တာနက်ချိတ်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ယခုကြေညာချက်ကို ဖိလစ် ပိုင်ပညာရေးဌာနက ထုတ်ပြန်ခဲ့ ခြင်းဖြစ်ပြီး အင်တာနက်အသုံးပြု၍ စာတတ် မြောက်ရေး လှုပ်ရှားမှုများ ပိုမိုဆောင်ရွက်နိုင်ရန်ရည် ရွယ်ကြောင်းဆိုသည်။ ပညာရေးဝန်ကြီး အာမင်လူ အစ်စထရိုက “ကျွန်တော်တို့ဟာ စာသင်ခန်းတွေ၊ အိမ်သာတွေ ထပ်ဆောက်နေရုံနဲ့မလုံလောက် ပါဘူး။ ပညာရေးမှာ တကယ့်တော်လှန်ရေးက အိုင်တီနည်း ပညာနဲ့ လုပ်နိုင်မှ ရမှာပါ” ဟုပြော သည်။ ဖိလစ်ပိုင်ပညာရေးဌာန သည် အင်တာနက်အသုံးပြုမှု ကျွမ်းကျင်စေရန် ကျောင်း ဆရာ၊ ဆရာမပေါင်း ၁၃ç၅၃၈ ဦးကို လည်း လေ့ကျင့်ထားကြောင်းသိရ သည်။ ပညာရေးဌာနသည်၂၀၁၂ ခုနှစ်တွင် အထက်တန်းကျောင်း အားလုံး၌ အင်တာနက်ချိတ်ဆက် နိုင်ရန် ခွဲတမ်းရန်ပုံငွေ ပီဆို ၁ ဒသမ ၈ ဘီလီယံ (စင်ကာပူဒေါ် လာ ၅၄သန်း) ရရှိထားသည်။ ယခု အချိန်ထိ ဖိလစ်ပိုင်နိုင်ငံတွင် အထက်တန်းကျောင်း အားလုံး၏ ၉၇ ရာခိုင်နှုန်းအား ကွန်ပျူတာများ တပ်ဆင်ထားပြီး ၆၈ ရာခိုင်နှုန်း မှာ အင်တာနက်အသုံးပြုခွင့်ရ ထားပြီဖြစ်သည်။
Welcome to SeekaHost
11 months ago










0 comments:
Post a Comment