လောကမှာ ခင်မင်စရာ မိတ်ဆွေအပေါင်းအသင်းဆိုတာ အရမ်းကိုပဲ အရေးကြီးပါသည်။ ထိုထဲတွင် သူငယ်ချင်း ဆိုတာလည်း အရေးအကြီးဆုံးပါပဲ။ မိဘများထက် သူငယ်ချင်းများနှင့် ကျောင်းတွင် တွေ့ရသည့် အချိန်က များကြပါသည် ။ အားလုံးက ဝါသနာတူအချင်းချင်းသာ အစဉ်အမြဲခင်မင်ပြီး သူငယ်ချင်းဖြစ်ကြပါ သည်။
အခုတော့ အသိဥာဏ်ချင်းလည်း မတူညီ၊ လူနှင့် သတ္တဝါလည်း သူငယ်ချင်းဖြစ်လို့ရပါသည်။ ကျွန်ုပ်တို့ မြင်နေရတဲ့ကလေးတွေကြည့်လိုက်ရင် မိမိတို့အိမ်မှာ မိမိဝါသနာအလိုက် မိမိတို့ ချစ်မြတ်နိုးတဲ့ ကြောင်လေး တို့၊ ခွေး၊ ငါးလေးတွေ၊ ယုန်လောက်သာ အိမ်မှာမွေးကြ ပါတယ်။ မနက်ဆို အစာလေးတွေကျွေး၊ ညအိပ်ခါနီးရင် နှုတ်ဆက်ပြီး အိပ်ကြတယ်။
တကယ့်ကို ပျော်စရာပါ။ မွေးဖူးတဲ့လူတိုင်း သိပါသည်။ အခုတော့ အိမ်မှာလည်း မွေးဖို့မဖြစ်နိုင်တဲ့ သတ္တဝါတစ်ခုနှင့် သူငယ်ချင်းဖြစ်နေ မွေးကတည်းက၊ လူလားမြောက်လာကတည်းက အတူ နေထိုင်လာခဲ့တာ ယခုဆို ၆ နှစ်တောင်ပြည့်ပါပြီ။ ကမ္ဘောဒီးယားမှ ကလေးငယ် တစ်ယောက်ပဲ ဖြစ်ပါသည်။
၎င်းအသက်သည် ယခုအခါ ၆ နှစ်ရှိပြီ ဖြစ် ပါသည်။ ၄င်းငယ်စဉ်ကတည်းကပင် ထိုစပါးအုံြးွေမကြီး နှင့်အတူ လက်ပွန်းတတီးနေထိုင်လာခဲ့တာ ဖြစ်ပါသည်။ တစ်စုံတစ်ရာ အန္တရာယ်ပြုခြင်းလုံးဝမရှိပါ။ မိမိသွား လိုရာနောက်ကို ထိုစပါးအုံးမြွေကြီးသည် တစ်ကောက် ကောက်လိုက်လာတတ်ကာ မိမိပြောသည့်စကားကိုလည်းနားလည်ပြီး ထိုကလေး၏စကားကိုလည်း နား ထောင်ကြောင်း သိရပါသည်။ တကယ်ကိုအံ့ဩစရာပင်ဖြစ်ပါသည်။
ြွေမကြီးသည် ပုံထဲတွင်မြင်ရသည့် အတိုင်း တကယ့်ကို လူတစ်ယောက်ကို အသာလေး စားသောက်နိုင်သောအရွယ် ရှိပါသည်။ Luck ဟု အမည်ပေးထားသည့် ထိုမြွေကြီးသည် အမဖြစ်ကာ ၆ ဒသမ ၁ မီတာရှိပြီး ကိုယ်အလေး ချိန်ကတော့ ၁၂၀ ကီလိုဂရမ် ရှိပါသည်။ ထိုကလေး သုံးလသား အရွယ်ကတည်းက ကလေး၏ ဖခင်က တောထဲမှ ခေါ်ယူလာခဲ့ခြင်း ဖြစ်ပါသည်။ ယခုလို အတူတကွ နေထိုင်လာခဲ့သည်မှာ ကလေး၏တစ်သက် ၆ နှစ်တောင် ပြည့်ခဲ့ပြီဖြစ်ပါသည်။
source -Mc wia yan
Welcome to SeekaHost
10 months ago










2 comments:
ရှက်တတ်မယ်ဆိုရင် ဘယ်သူတွေ အရင်တင်ထားလည်း လေ့လာပြီးမှ ပို့တွေကိုတင်ပါလား။
ဒါမှ မဟုတ် တင်ထားတဲ့သူကို credit လေးတော့ ပေးသင့်တာပေါ့။ ဒီလို စိတ်တွေနဲ့ မြန်မာနိုင်ငံ တိုးတက်အုံးမယ်။ :D
http://migadawunbhikkhusila.blogspot.com/2011/12/blog-post_07.html
Post a Comment