
မြန်မာ့နိုင်ငံရေးသမိုင်း၌ ပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ် သည့်အပြင် သတင်းစာသမားတစ်ဦးအဖြစ်ပါ ကျော်ကြားမှုရှိသော ဝါရင့်နိုင်ငံရေး သမားကြီး သခင်လှကွန်းသည် ဒီဇင်ဘာလ ၄ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ နေအိမ်၌ ကွယ်လွန်သွားခဲ့ပြီး ဒီဇင်ဘာလ ၆ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ထိန်ပင်သုဿန်၌ မီးသင်္ဂြုလ်ပြီးစီးခဲ့ကြောင်း သိရပါသည်။
သခင်လှကွန်းသည် ကွယ်လွန်ချိန်တွင် အသက် ၉၀နှစ်ရှိပြီ ဖြစ်ပါသည်။
မြန်မာ့လွပ်လပ်ရေးကြိုးပမ်းမှု တော်လှန်ရေးကာလ၌ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပြီး ထင်ရှားကျော်ကြားသည် သခင်များမှာ အချို့သာ ကျန်ရှိတော့ပါသည်။ ထိုကျန်ရှိသူ အချို့မှာ သခင်သိန်းမောင်၊ သခင်သိန်းဖေ၊ သခင်ချန်ထွန်းနှင့် သခင်တင်မြတို့ ဖြစ်ကြပါသည်။
Welcome to SeekaHost
9 months ago










0 comments:
Post a Comment