စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, December 8, 2011

ကားတင်သွင်းခွင့်ရရှိသူ ပို့ကုန်လုပ်ငန်းရှင် ၈၉၀ ဦးမှ ၁၃ ဦးအား ကားတင်သွင်းခွင့် စတင်ချထားပေး

ပို့ကုန်တင်ပို့ပြီး နိုင်ငံခြားငွေရှာ ဖွေအခွန်ထမ်းဆောင်သူ ပို့ကုန်လုပ်ငန်းရှင်များအား ကားတင်သွင်းခွင့်ပေးရာတွင် ကနဦးစာရင်းအရ တင်သွင်းခွင့်ရရှိသည့် လုပ်ငန်းရှင် ၈၉၀ ဦးရှိကြောင်းနှင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့အထိ ၁၃ ဦးအား ကားတင် သွင်းခွင့်ပါမစ် ထုတ်ပေးပြီးဖြစ်ကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်

''ကျွန်တော်တို့ စီးပွားကူးသန်းကနေ သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေပမာဏ ပြည့်မီအောင်တင်ပို့နိုင်တဲ့ လုပ်ငန်းရှင်တွေစာရင်းကို စက်တင်ဘာလကုန်အထိယူပြီး ပြုစုထားတယ်။ အဲဒီ စာရင်းအရတော့ လုပ်ငန်းရှင် ၈၉၀ ဦး ဟာ သတ်မှတ်ထားချက်နဲ့ကိုက်ညီလို့ တင်သွင်းခွင့်ရတယ်။ အခု ၁၃ ဦးကို ကားတင်သွင်းခွင့်ပါမစ် ထုတ်ပေးပြီးပါပြီ။ လျောက်တာက ၅၃ ဦးလျှောက်ထားတာပါ။ ၁၅ ဦးက ကျတော့ အဲဒီ ၈၉၀ ဦးထဲက မဟုတ်ဘူး။ ကျွန်တော်တို့က စက်တင်ဘာလကုန်အထိ စာရင်းကိုပဲ ယူထားတာ။ သူတို့ကျတော့ နိုဝင်ဘာလကုန်အထိ တင်ပို့ထားတဲ့ စာရင်းကို ယူထားတာ။ သူတို့က နိုဝင်ဘာလကုန်အထိ တင်ပို့ထားတဲ့စာရင်းအရဆိုရင် ပမာဏအရဆိုရင် သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့အတွက် သူတို့လည်းရမယ်။ ကနဦး ၈၉၀ ဦးဆိုပေမယ့် အဲဒီလို သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူတွေလည်း ထပ်တိုးလာဦးမှာပါ။ သတ် မှတ်ချက်နဲ့ကိုက်တဲ့သူကတော့ ဘယ်သူမဆို ထပ်တိုးပေးသွားမှာပါ''ဟု နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ယင်းအပြင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုင်ငံတကာတွင်ရှိသည့် ကားတင်သွင်းခွင့် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ၀န်ထမ်းများစာရင်းကိုလည်း ပေးပို့လျက်ရှိကြောင်း၊ မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

0 comments: