စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, December 1, 2011

ငွေလဲ ကောင်တာတွင် ဝယ်ယူရန် ငြင်းပယ် ခံရမှုများ ရှိ



အစိုးရက တရားဝင် ဖွင့်လှစ် ပေးထားသော နိုင်ငံခြား ငွေလဲ ကောင်တာများတွင် FED (Foreign Exchange Declaration) နိုင်ငံခြား ငွေလဲလှယ်ခွင့် ကြေညာလွှာ ရှိသူများပင် ငွေလဲလှယ်၍ မရကြောင်း သတင်းရရှိ သည်။

“ကျွန်မ ယောကျာ်းက သင်္ဘောသားပါ။ ပြန်လာတော့ ပါလာတဲ့ငွေကို FED ဖောင်ဖြည့် ခဲ့တယ်။ အဲဒီ့ဖောင်နဲ့ ဒေါ်လာ ၁၀ဝ သွားရောင်းတာ၊ ကိုယ်စားလှယ် လွှဲစာမပါလို့ မဝယ်ဘူးလို့ ပြောတယ်”
ဟု ယခုရက်ပိုင်း ငွေလဲ ကောင်တာသို့ သွားရောက်ရောင်း ချခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အတွင်း နေထိုင်သော သင်္ဘောသားပါလာသော ဒေါ်လာနှစ်ထောင် အား FED ဖောင်ဖြင့် သွားရောက် ရောင်းချရာတွင် ကိုယ်စားလှယ် လွှဲစာမပါသဖြင့်မဝယ်ယူကြောင်း အဆိုပါအမျိုးသမီးကပြောသည်။ “FED ဖောင်ကိုပွားပြီး လာ ပြီး ဝယ်ရတာတွေရှိတယ်”ဟု သိမ်ဖြူလမ်း ငွေလဲကောင်တာမှ တာဝန်ရှိသူတစ်ဦးက FED လက်မှတ်ပါသော်လည်း ငွေလဲလှယ်ရာတွင် မဝယ်ဘဲ စိစစ်နေရခြင်း၏ ကြောင်းရင်းကို ပြောသည်။

သို့သော် နိုင်ငံတော်က FED ဖောင်ရှိသူများနှင့် နိုင်ငံခြားငွေ ကိုင် ဆောင်ခွင့်လိုင်စင် ရှိသူများထဲမှ နိုင်ငံခြားငွေသုံးမျိုးအား ဝယ်ယူ ကြောင်း အောက်တိုဘာလလယ် ၌ တရားဝင်စာထုတ်ထားခဲ့သည်။ “လွှဲစာပါမှ ဝယ်မယ်ဆိုလည်း တရားဝင် စာထုတ်လေ။ အခုက ဘာမှမပြောဘဲ သွားရောင်းမှ လွှဲစာ မပါလို့မဝယ်ဘူးဆိုတာ သိပ်အ ဆင်မပြေဘူး”ဟု အထက်ပါ အမျိုး သမီးက ဆိုသည်။

0 comments: