စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, December 1, 2011

WORLD AIDS Day အထိမ်းအမှတ် အခမ်းအနား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ကျင်းပ




WORLD AIDS Day အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၁ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နံနက်၁၀နာ ရီမှ ၁၁နာရီ၃၀အထိ ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် HIV / AIDS Section တာဝန်ခံ ဒေါ်ဖြူဖြူသင်းမှ လည်းကောင်း၊ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်တစ်ဦး တို့မှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

“ ဒီဇင်ဘာလ၁ရက်နေ့တိုင်း WORLD AIDS Day အခမ်းအ နားကို ကျွန်မတို့ ကျင်းပလာတာ ငါးကြိမ်မြောက်ရှိပါပြီ။ အစ်မတို့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်းပုံစံမျိုးစုံနဲ့ ကျင်းပခဲ့တယ်။ အရင်တုန်း ကဆိုရင် နိုင်ငံရေးအရ ကျွန်မတို့အနေနဲ့ ဒီလိုပွဲတွေကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရခဲ့ပါဘူး။ ဒီလိုပွဲတွေကို ကျင်းပရတာ အဓိကကတော့ လူနာတွေကို ပျော်စေချင်တယ်။ ခွဲခြားမှုမရှိဘဲ သာမာန်လူတွေနဲ့ တန်းတူပျော်ရွှင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပပေးနေတာ ဖြစ်ပါ တယ်။ အရင်နှစ်တွေကဆိုရင် တိုင်းနဲ့ပြည်နယ် အသီးသီးက ဝေဒနာရှင်တွေကို ဖိတ်ကြားပြီး ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ ရန်ကုန်ကသူတွေပဲ အများစုပါပါတယ်။ တခြားအဖွဲ့အစည်းက သူတွေလည်း ဒီပွဲကိုလာတာ တွေ့ရပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် HIV / AIDS Section တာဝန်ခံ ဒေါ်ဖြူဖြူသင်းမှ ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် HIV / AIDS Section အနေဖြင့် WORLD AIDS Day အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်အပြင် ရေနံချောင်း၊ကျောက်ပတောင်း၊ မိတ္ထီလာ၊အောင်လံ၊တောင်တွင်းကြီး မြို့များတွင်လည်း တစ်ပြိုင်တည်း ကျင်းပခဲ့ကြောင်း သိရသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် HIV / AIDS Section မှ စီစဉ်သည့် “ WORLD AIDS Day Song “ အမည်ရှိသီချင်းခွေကို ဖြန့်ချိခဲ့ပြီး အခမ်းအနားသို့ စံလင်း၊ လင်းလင်း၊ချစ်သုဝေ၊ကိုရဲလွင် စသည့် တေးသံရှင်၁၀ဦးတို့မှ သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

0 comments: