စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 5, 2011

ပြင်သစ်က အီရန်တွင် သံတမန်ဝန်ထမ်းအင်အား လျှော့ချ

တီဟီရန်ရှိ ပြင်သစ်သံရုံးရှေ့တွင် ၂၀၀၉ ခုနှစ်က အီရန်သဘောထား တင်းမာသူများ ဆန္ဒပြနေစဉ်


လွန်ခဲ့သည့် သီတင်းပတ်က အီရန်ရှိ ဗြိတိန်သံရုံးတိုက်ခိုက်ခံရမှု ဖြစ်စဉ်အပြီး ပြင်သစ်က အီရန်ရှိ သံတမန်ဝန်ထမ်းအင်အားကို ယာယီလျော့ချခဲ့ပြီး အီတလီကလည်း ညှိနှိုင်းမှုများပြုလုပ်ရန် ၎င်းတို့၏ သံအမတ်ကြီးကို ရောမသို့ဆင့်ခေါ်ခဲ့ရာ သံတမန်ရေးရာ အကျပ်အတည်းမှာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပိုမိုနက်ရှိုင်းလာခဲ့သည်။

သံရုံးဝန်ထမ်းအင်အား လျော့ချခြင်းမှာ လုံခြုံရေး အခြေအနေအရဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြော ကြားခဲ့သည်။ ပြင်သစ်သံရုံးဝန်ထမ်းအချို့ ပြင်သစ်သို့ပြန်မည်ဖြစ်သော်လည်း ထွက်ခွာမည့်အချိန်နှင့် ဦးရေအချိန် မည်မျှကြာမည်ဆိုသည်နှင့် ပတ်သက်၍ မပြောကြားခဲ့ပေ။

အီတလီ နိုင်ငံခြားရေးဝန်ကြီး ဂီယူလီယိုတာဇီသည် အီရန်မှရောက်ရှိလာသည့် အီရန်ဆိုင်ရာ အီတလီသံ အမတ်ကြီးနှင့် တွေ့ဆုံခဲ့သည်။ ၎င်း၏ သံတမန်ရေးတာဝန် ထမ်းဆောင်မှုကို အကာအကွယ်ပေးမည့် အာမခံချက် မရရှိမချင်း အီတလီသံအမတ်ကြီး အယ်လ်ဘာတိုဘရာဒါနီနီသည် အီရန်သို့ ပြန်သွားမည်မဟုတ်ဟု ဆိုသည်။ သံရုံးပိတ်ပစ်ရန်အထိကိုမူ ဆုံးဖြတ်ချက် မချရသေးကြောင်း ပြင်သစ်နိုင်ငံခြားရေး ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြား ခဲ့သည်။

အီရန်၏ နျူအစီအစဉ်နှင့်ပတ်သက်၍ အိုင်အေအီးအေ၏ အစီရင်ခံစာ ပေါ်ထွက်လာပြီးနောက် အီရန်အပေါ် ဗြိတိန်ကအရေးယူပိတ်ဆို့မှုများ နိုဝင် ဘာလနှောင်းပိုင်းက ကြေညာခဲ့သည်။ ယင်းနောက်မကြာမီ အီရန်ရှိ ဗြိတိန်သံရုံးကို ဆန္ဒပြတိုက်ခိုက်မှုခံရသည်။ ယင်းသို့ တိုက်ခိုက်ခံရပြီး နောက်တစ် ရက်တွင် လန်ဒန်ရှိ အီရန်သံရုံးကို ပိတ်ရန် ဗြိတိန်က ညွှန်ကြားခဲ့သည်။

Ref:CNN

0 comments: