စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 5, 2011

ပုသိမ်ဆိပ်ကမ်းကို တန်၁၀၀၀၀အထိ ကုန်တင်သင်္ဘောများ ၀င်ထွက်သွားလာနိုင်ရေးအတွက် င၀န်မြစ်ကြောင်း ထိန်းသိမ်းခြင်းလုပ်ငန်းများ စတင်

ပုသိမ်မြို့ ကမ်းနားလမ်းဝဲဒေါင့်(ကျောက်တံတား) ဆိပ်ကမ်းတွင် သြဂုတ်လ ၁၇ ရက်က ပြည်ပသို့ ဆန်တင်ပို့ရန် ဆောင်ရွက်နေစဉ်


ပုသိမ်ဆိပ်ကမ်းကို တန် ၁၀၀၀၀ အထိ ကုန်တင်သင်္ဘောများ ၀င်ထွက်သွားလာနိုင်ရေးအတွက် င၀န်မြစ်ကြောင်း ထိန်းသိမ်းခြင်းလုပ် ငန်းများ စတင်တော့မည်ဖြစ်ကြောင်း Myanmar Ayer Mon Group of Companies မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် (၀ဲဒေါင့်)ဆိပ်ကမ်းတွင် လက်ရှိအချိန်၌ တန် ၃၀၀၀ အထိသာ တင်ဆောင်နိုင်သော ကုန်တင်သင်္ဘောများသာ ၀င်ထွက်သွားလာနိုင်သေးရာ တန် ၇၀၀၀၊တန် ၁၀၀၀၀ အထိကုန် တင်သင်္ဘောများ ၀င်ရောက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း သိရှိရသည်။

''ပုသိမ်ဆိပ်ကမ်းမှာ ၂၀၁၁ ခုနှစ် သြဂုတ်လတုန်းက ဆန်တန်ချိန် ၃၀၀၀ကို ဖိလစ်ပိုင်နိုင်ငံကို တင်ပို့ခဲ့တယ်။ အခုတော့ ပုသိမ် (၀ဲဒေါင့်)ဆိပ်ကမ်းကနေ တန် ၇၀၀၀၊ ၁၀၀၀၀ အထိကုန်တင်သင်္ဘောတွေ ၀င်ထွက်နိုင်သည် အထိ အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။ င၀န် မြစ်ကြောင်း ထိန်းသိမ်းခြင်းလုပ်ငန်း တွေကို စတင်လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလို အဆင့်မြှင့်နိုင်ဖို့အတွက် ပမ္မ၀တီကနေ ပုသိမ်ဆိပ်ကမ်းအထိ င၀န်မြစ်ကြောင်း တစ်လျှောက်မှာ သဲသောင်တူးဖော်ခြင်း လုပ်ငန်းတွေကို လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်'' ဟု လည်း Myanmar Ayer Mon Group of Companies မှ MD ဦးစောမြင့်မောင်က ပြောကြားခဲ့သည်။

''င၀န်မြစ်ကနေပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုနိုင်မပြုနိုင်၊ ကုန်သွယ်မှုပမာဏ အလားအလာ ဘယ်လောက်ရှိနိုင်တယ်၊ ပုသိမ်ဆိပ်ကမ်းကို နိုင် ငံတကာက ကုန်တင်သင်္ဘောတွေ ၀င်ထွက်သွားလာမယ်ဆိုရင် operation ပိုင်းမှာလိုအပ်ချက်ရှိနိုင်မရှိနိုင်၊ ဆိပ်ကမ်းရဲ့အင်္ဂါရပ်နဲ့ ညီနိုင်မညီနိုင်ပေါ့။ ဆိုလိုတာက ဆိပ်ကမ်းမှာ အထွေထွေကုန်ပစ္စည်းတွေ တင်ထားတဲ့ ကုန်တင်နာတွေ ၀င်နိုင်မ၀င်နိုင်စတာတွေနဲ့ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိမရှိဆိုတာတွေကို တွက်ချက်ရပါတယ်'' ဟု လည်း ဦးစောမြင့်မောင်က ဆက်လက်ပြောကြားခဲ့သည်။

0 comments: