စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 5, 2011

မန္တလေးမြို့ အတုမရှိကျောင်းတော်ကြီးတွင် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံထားရှိရန် ပြင်ဆင်မှုများ ပြုလုပ်လျှက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်လာသည့် ဗုဒ္ဓမြတ်စွယ်တော်အား မန္တလေးမြို့ အတုမရှိကျောင်းတော်ကြီးတွင် ဒီဇင်ဘာလ ၈ ရက် နေ့မှစ၍ ပူဇော်ခံထားရှိရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

''ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံဖို့အတွက် နိုဝင်ဘာ ၃၀ ရက်နေ့ ကစပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ လုံခြုံရေး၊ ကျန်းမာရေး၊ ပြန်ကြားရေးနဲ့ အလှူခံဌာန စတဲ့ နေရာဌာနအသီးသီးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဗုဒ္ဓစွယ်တော် ဖူးမြော်ရင်း လူကျပ်လို့ ခေါင်းမူးခေါင်းကိုက် စတဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုဖြစ်ခဲ့ရင် ကုသပေးနိုင်ဖို့ တိုင်းရင်းဆေးခန်းနဲ့ အနောက်တိုင်းဆေးခန်းနှစ်ခု ထားရှိပေးပါမယ်။ ကျောင်းတော်ရဲ့အောက်မှာ အလှူခံဌာနငါးခုရှိပါမယ်။ ငွေတစ်သိန်းအထက်နဲ့ လက်ဝတ် ရတနာလှူဒါန်းလိုသူတွေအတွက် စွယ်တော်မြတ်ထားရှိမယ့် အတုမရှိ ကျောင်းတော်ပေါ်မှာ အလှူခံဌာနထားရှိမှာ ဖြစ်ပါတယ်။ စွယ်တော်ဖူးမြော်သူတွေအနေနဲ့ အတုမရှိကျောင်းတော်ရဲ့ အရှေ့ဘက်အပေါက် လှေကားက နေ၀င်ဖူးပြီးတော့ တောင်ဘက်လှေကားကနေ ပြန်ဆင်းရပါမယ်။ လေးယောက်တစ်တန်း ဖူးမြော်ခွင့်ရရှိပါမယ်။ နောက်ပြီးအတုမရှိ ကျောင်းတော်ရဲ့ ပတ်လည်တံခါးပေါက်နဲ့ လှေခါးတွေမှာ လုံခြုံရေးကို ဂရုတစိုက်ပြင်ဆင်ထားပါတယ်''ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုအခါ အတုမရှိကျောင်းတော်သို့ လာရောက်လေ့လာသော နိုင်ငံခြားသားများနှင့် ပြည်တွင်းဘုရားဖူးများအား ၀င်ရောက်ခွင့်ယာယီပိတ်ထားပြီး လုံခြုံရေးအတွက်လိုအပ်သည်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0 comments: