မြ၀တီတံတား မြ၀တီချစ်ကြည်ရေးတံတားနှင့် ကုန်သွယ်ရေးဇုန်ဖွင့်ကို နံနက် ၇း၀၀ နာရီဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ချစ်ကြည်ရေး တံတားအလယ်တွင် မြန်မာဖက်မှ တာဝန်ရှိသူများ(ပြည်နယ်ဝန်ကြီးချုပ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကရင်ပြည်နယ်အစိုးရအဖွဲဝင်များက တက်ရောက် ဖွင့်လှစ်သလို၊ ထိုင်းတာဝန်ရှိသူများကလည်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကုန်သွယ်မှုကားများ၊ ခရီးသွားများကို ဖြတ်သန်းသွားလာစေခဲ့သည်။
ကုန်သွယ်ရေးဇုန်ကို နံနက် ၈း၀၀ နာရီ ဖွင့်ကုန်သွယ်ရေးဇုန်ကို နယ်စပ်ကုန်သွယ်ရေး ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဝင်း၊မြ၀တီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး၊ နယ်စပ်ကုန်သည်ကြီးများအသင်း ဒေါ်သင်းသင်းမြတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မင်းတို့က မိန့့်ခွန်းပြောကြာခဲ့ပြီး၊ မြ၀တီ နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းဥက္ကဌ ဒေါ်သင်းသင်းမြတ်က ဒေသခံပြည်သူများ ကုန်သည်များကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
Welcome to SeekaHost
3 days ago
0 comments:
Post a Comment