စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Monday, December 5, 2011

၁၇ လကြာ ယာယီပိတ်ထားခဲ့သည့် မြန်မာ - ထိုင်းနယ်စပ် မြ၀တီမြို့ရှိ ချစ်ကြည်ရေးတံတားနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများကို ဒီဇင်ဘာလ ၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့

မြန်မာ - ထိုင်းနယ်စပ် မြ၀တီမြို့ရှိ ချစ်ကြည်ရေးတံတားအား ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်


၁၇ လကြာ ယာယီပိတ်ထားခဲ့သော မြန်မာ - ထိုင်းနယ်စပ်မြ၀တီမြို့ရှိ ချစ်ကြည်ရေးတံတားနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများအား ဒီဇင်ဘာလ ၅ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိ ပါသည်။

ထိုသို့ဖွင့်လှစ်နိုင်ရန်နှင့် နယ်စပ်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပါက ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအတွက်လည်း ဒီဇင်ဘာလ ၄ ရက်နေ့က မြ၀တီမြို့ရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ စီးပွား/ကူးသန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

မြ၀တီမြို့တွင် ဒီဇင်ဘာလ ၄ ရက်နေ့က ဆွေးနွေးပွဲပြုလုပ်စဉ်


မြ၀တီ နယ်စပ်ကုန်သွယ်မှုကို ၁၉၉၈ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် တရားဝင်ကုန်သွယ်မှုကို ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။ ယင်းအပြင် နှစ်နိုင်ငံချစ်ကြည်ရေးတံတားကိုလည်း ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်၍ ယာယီပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ထိ ၁၇ လနီးပါး ကြာမြင့်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယာယီပိတ်ထားခဲ့သော တရားဝင်နယ်စပ်ကုန် သွယ်မှုလုပ်ငန်းနှင့် နှစ်နိုင်ငံချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ''တံတားပိတ်ထားခဲ့တဲ့ အတွက် အခြေခံလူတန်းစားတွေ၊ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ် ကုန်တယ်။ အခုတရားဝင်ကုန်သွယ်မှုတွေ ပြန်လည်ဖွင့်လှစ်လိုက်တဲ့အတွက် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် ပိုမို ကောင်းမွန်လာမယ်။ အဓိကကတော့ မှောင်ခိုကုန်သွယ်မှုတွေ လျော့နည်းစေချင်တယ်။ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်စေလိုပါတယ်''ဟု ပြောကြားခဲ့သည်။

0 comments: