ရန်ကုန် မြို့တော်မြို့ပတ်နှင့် ဆင်ခြေဖုံးများသို့ ပြေးဆွဲ နေသော လော်ကယ် ရထား လက်မှတ်ခနှင့် အဝေးပြေး ရထား လက်မှတ်ခများကို နိုဝင်ဘာလ ၁၅ ရက်နေ့က တိုးမြှင့် ပြင်ဆင် သတ်မှတ် လိုက်သည်နှင့် အညီ ဝန်ဆောင်မှုများ ကိုပါ အဆင့်ဆင့် တိုးမြှင့်ပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာ့မီးရထား တိုင်း (၇) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းသို့ လက်မှတ် ဈေးနှုန်းများ တိုးမြှင့်ပြင်ဆင် သတ်မှတ် ရခြင်းမှာ ရထားစီး ခရီးသည်များကို ဝန်ဆောင် ပေးရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ရထားသန့်ရှင်း မှုများမှစ၍ ရထားတွဲအသစ်များ၊ ရထား စက်ခေါင်း အသစ်များနှင့် လေအေး ပေးစက်များ ပါတပ်ဆင်ပြီး မိနစ် အနည်းငယ်ခြား ရထားများပြေးဆွဲ ပေးနိုင်သည် အထိ အဆင့်ဆင့် တိုးမြှင့်ဝန်ဆောင်မှု ပေးသွား မည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။ “
ချက်ချင်းကြီးပြောင်းပြီး ဝန်ဆောင်မှု ပေးဖို့ ဆိုတာက မဖြစ်နိုင်သေးဘူး။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း တော့ လုပ်ပေး သွားမယ်”ဟု ၎င်းက ရှင်းပြသည်။ ယခုလက်ရှိတွင်မူ မြို့ပတ်ရထားများတွင် ကြမ်းပိုးများ ကိုက်သည့် ကိစ္စများ အဆင်ပြေ စေရန် ရထားစီးခရီးသည်များ သန့်ရှင်းစွာ ရထားစီးရရန် ရထား သန့်ရှင်းရေး တာဝန်ရှိ သူများကို ညွှန်ကြားထားပြီးပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မြန်မာ့မီးရထား တိုင်း (၇) မှ တိုင်းမန်နေဂျာ ဦးသိန်းနိုင်က ပြောကြားသည်။ “ရထားလက်မှတ်စာရွက်နဲ့ ခုံကြားတွေကို ထိုးလိုက်ရင် ကြမ်းပိုးတွေ အများကြီး ပဲပါလာတယ်။
ဒါလေးတွေကို ရှင်းပေးမယ်ဆိုရင်တော့ မဆိုးဘူးပေါ့” ဟု သမ္မတဟိုတယ်တွင် အလုပ်လုပ် ကိုင်နေပြီး ရန်ကုန်ဘူတာကြီးမှ သမိုင်းဘူတာသို့ နေ့စဉ်အပြန်စီးနင်းနေသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။ ရန်ကုန် မြို့တော်ရှိ မြို့ပတ်နှင့် ဆင်ခြေဖုံးများ သို့ပြေးဆွဲနေသော လော်ကယ်ရထားစီးခကို နိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ ၁၀ ကျပ်မှ ၁၀ဝ ကျပ်သို့ ပြောင်းလဲ ကောက်ခံခဲ့ပြီး ယင်းလက်မှတ် တစ်စောင်ဖြင့် တစ်နေ့လျှင် နှစ်ကြိမ်စီးနိုင်မည်ဖြစ်ကြောင်းနှင့် အဝေးပြေး ရထားလက်မှတ် နှုန်းထားများကိုပါ သုံးဆတိုးမြှင့် သတ်မှတ် ထားကြောင်း မြန်မာ့မီးရထားက သတင်း ထုတ်ပြန် ထားသည်။
0 comments:
Post a Comment