
သတင်းတို၊ ဒီဇင်ဘာ ၇၊
ယနေ့ညနေ ၃ နာရီ သုံးဆယ်ခန့်က ယာဉ်မောင်း ထွန်းလင်းမောင်းနှင်ပါလာသော ၁၈၉ မော်တော်ယာဉ်လိုင်းမှ ဘီအမ်အမျိုးအစား ဇ/၈၈၉၃ သည် မဟာဗန္ဓုလတံတား အဆင်း Ocean ကုန်တိုက် ဘက်အခြမ်းတွင် အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။
အဆိုပါတိမ်းမှောက်မှုကြောင့် မော်တော်ယာဉ်နောက်လိုက် ကိုဇော်ဇော်ထွေးမှာ အခင်းဖြစ်ပွားရာတွင် သေဆုံးပြီး ခရီးသည် ၁၅ ဦး ဒဏ်ရာရရှိခဲ့သည်။
နောက်ဆုံးရရှိသောသတင်းအရ ဒဏ်ရာရရှိသောခရီးသည်များထဲမှ တစ်ဦး ထပ်မံသေဆုံးခဲ့သည်။ ယာဉ်မောင်း ထွန်းလင်းမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

Welcome to SeekaHost
11 months ago










0 comments:
Post a Comment