စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Saturday, December 10, 2011

ဗိုလ်ချုပ်အောင်ဆန်းနှင့် တူမယ်ထင်တဲ့ ဂျပန်သရုပ်ဆောင်



၂၀၁၅ခုနှစ် (ဗိုလ်ချုပ်ရဲ့ နှစ် ၁၀၀ ပြည့်) အမှီ ရိုက်ကူးမယ့် ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်အတွက် ဗိုလ်ချုပ်နေရာမှာ ဘယ်သူ ဖြစ်နိုင်မလဲလို့ ကျနော်တို့တွေ (Vote List) လုပ်ပြီး ရွေးချယ်ခဲ့ကြပါတယ်။ ကျနော်တို့ MC တွေ အပါအ၀င် အများစုက ရုပ်ရှင် သရုပ်ဆောင်တွေထဲက မဟုတ်ပဲ ဗိုလ်ချုပ်နဲ့ တူတဲ့သူကို ရွေးချယ်ဖို့ ဆန္ဒရှိကြတယ် ဆိုတာတွေ့ရ ပါတယ်ခင်ဗျာ။ အခု ကျနော်တို့ MC Admin တွေအနေနဲ့ ဗိုလ်ချုပ်နေရာအတွက် ရုပ်တူမယ်ထင်တဲ့သူ တစ်ယောက်တွေ့ထားပါတယ်။ ကျနော်တို့ မှားယွင်းတယ်၊ မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းယှဉ် မိတယ်ဆိုရင် အားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ။

ကျနော်တို့တွေ့ရှိထားတဲ့ သူက မြန်မာတော့ မဟုတ်ပါဘူး။ Motoki Kobayashi ဆိုတဲ့ ဂျပန်သရုပ်ဆောင် တစ်ယောက်ပါ။ သူ့ကို The Great Raid ဆိုတဲ့ ရုပ်ရှင်ထဲမှာ ဂျပန်ဗိုလ် တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တာကို တွေ့မိပြီး သတိထားမိခဲ့တာပါ။ ဒီဇာတ်ကားမှာ သူဟာ ဗီလိန် ဇာတ်ရုပ်ဖြစ်နေတဲ့ အတွက် မျက်နှာ အမူအယာကတော့ ဗိုလ်ချုပ်နဲ့ မအပ်စပ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ မျက်နှာကျနဲ့ မျက်ခုံး၊ နှာခေါင်းတွေဟာ နဲနဲဆင်တယ်ဆိုတာ သတိထားမိခဲ့ပါတယ်။ သူ့ကို သေချာပြင်ဆင် လိုက် မယ်ဆိုရင် တော်တော်တူမယ်လို့ ထင်မိပါတယ်။ ဒါကျနော်တို့ စိတ်ကူးယဉ်ပြီး ရွေးချယ်မိယုံသက်သက်ပါ။ တကယ့် ရုပ်ရှင်မှာတော့ ဘယ်သူဖြစ်မလဲမသိပါဘူး။ ထပ်ပြီး ကျနော်တို့ မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းမိတယ်ဆိုရင် အားလုံးခွင့်လွှတ် ပေးကြပါ။ အားလုံးရဲ့ အမြင်တွေကိုလဲ သိချင်မိပါတယ်။

ရွှေဟင်္သာ သတင်း

0 comments: