စာဖတ်နေသူပေါင်း

We can check your plugins and stuff
ဆုံနေကြ မှ လာရောက်ကြသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည်..
We can check your plugins and stuff လူထုနဲ့ တိုင်းပြည်သာကောင်းစားအောင်လုပ်ပေး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်ပါတီပဲဖြစ်ဖြစ် ထောက်ခံတယ်

Thursday, December 8, 2011

မေခမြစ်တလျှောက် တရုတ်ကုမ္ပဏီများ ရွှေဆက်လက်တူးဖေါ်နေဆဲ Chinese company still working gold mine at May Kha river

ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ကချင်ပြည်နယ် မြစ်ဆုံဒေသ၌ ရွှေတူးဖော်ခွင့် ရပ်ဆိုင်းထားသော်လည်း ယင်းအထက်ဘက် မေခမြစ် တလျှောက်တွင်မူ တရုတ်ကုမ္မဏီအများအပြား ရွှေတူးဖော်သည့်လုပ်ငန်း ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သည်။

မြစ်ကြီးနားမြို့နှင့် ၄၅ မိုင် အကွာ ၀ိုင်းမော်မြို့နယ် မန်ဒေါင် ၊ ခ၀မ် ၊ ရှငေါ် ၊ ချောင်းဆုံ အစရှိသည့် မေခမြစ်တလျှောက် ကျေးရွာများ တွင် ရွှေတူးသည့်လုပ်ငန်းကို ယန္တရားကြီးများဖြင့် လက်လက် လုပ်ကိုင်လျှက်ရှိသည် ကိုတွေ့ရသည်။

ယင်းဒေသများသည် ကချင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန်ယိန်း ဦးဆောင်သော နယ်ခြားစောင့်တပ်ရင်း (၁၀၀၂) နယ်မြေ ဖြစ်၍ ရှငေါ် ကျေးရွာသည် ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန် နယ်မြေဖြစ်သည်။

မန်ဒေါင် ကျေးရွာတွင် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် ဦးဇခုန်တိန်ယိန်းပိုင် ဆန်းလင်း အင်တာနေရှင်နယ် အိတ်(စ်)ပို့ အင်(န်)အင်ပို့ ကုမ္မဏီ လီမိတက်နှင့် ရှငေါ်ကျေးရွာတွင် ဦးခက်ထိန်နန် ၏ မနောကမ္ဘာ ကုမ္မဏီတို့၏ ရုံးခွဲများ ဖွင့်လှစ်ထားရှိသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံငံသားပိုင် ကုမ္ပဏီများက မေခ မြစ်ပေါ်ရှိ မြေကွက်များကို ယင်းကုမ္မဏီကြီး များထံမှ ၀ယ်ယူပြီး တရားဝင် ရွှေတူးဖော် လုပ်ကိုင်ခွင့် ပေးထားသည်ဟုလည်း ရှငေါ် ဒေသခံတစ်ဦးပြောသည်။

ရှငေါ်ဒေသ၏ အမျိုးသားလွှတ်တော် အမတ် ဦးခက်ထိန်နန်သည် ကြံ့ဖွံ့ပါတီ ရန်ပုံငွေရရှိရန် တရုတ်ကုမ္ပဏီများထံ သို့ မြေကွက်တစ်ကွက် ကို သိန်းတစ်ထောင်ဖြင့် ပြန်လည်ရောင်းချသည်ဟု ၎င်းက ဆက်ပြောသည်။

‘မြေကွက်တစ်ကွက် ကို သိန်းထောင်ချီပြီးရောင်းကြတယ် ပြီးတော့ တရုတ်တွေကို ရွှေရတဲ့ ပေါ်မှ မူတည်ပြီး ရွှေ ၃ရာခိုင်နှုန်း ကို မနောကမ္ဘာ ကုမ္မဏီ ကိုပြန်ပေးရတယ်” ဟုယင်းဒေသခံက ပြောသည်။



မေခမြစ်တလျှောက် ရွှေတူးဖော်နေပုံ

တရုတ် ကုမ္မဏီကြီးများသည် တရက်လျှင် ရွှေ ၂၅ ကျပ်သား အနည်းဆုံး ရရှိပြီး စက်ကြီးများဖြင့် ၂၄ နာရီ လုံးလုံး တူးဖော်လျှက်ရှိသည်။

“ကျွန်တော်တို့ ဆိုက်(အလုပ်ခွင်) က ၂၄ နာရီ အလုပ်လုပ်တယ် မနက် ၆နာရီ ကနေ ညနေ ၆နာရီ တစ်ဖွဲ့ ပြီးတော့ ည၆နာရီ ကနေ မနက် ၆နာရီ အထိ နေဆိုင်းညဆိုင်း လုပ်ကြတယ်ဗျာ” ဟု တရုတ်ကုမ္မဏီတခုတွင် အလုပ်လုပ်နေသူ “ကျင်းသား” တစ်ဦးပြောသည်။

မေခမြစ်သည် မြစ်ဆုံ၏ အရေးပါသည့် မြစ်တစင်းဖြစ်သကဲ့သို့ ဧရာဝတီမြစ် စတင်မြစ်ဖျားခံသည့် မြစ်တစင်းလည်းဖြစ်သည်။

မြစ်ဆုံဒေသ၌ မီဂါဝပ် ၃၆၀၀ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်သုံး ဆည်တည်ဆောက်ရန် တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်မှုကို သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် အခြား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အကျိုးသက်ရောက်စေနိုင်သဖြင့် နိုင်ငံရေးနှင့် မီဒီယာ၊ စာပေအနုပညာရှင်များ ၀ိုင်းဝန်းကန့်ကွက်ခဲ့သဖြင့် စက်တင်ဘာလကုန်တွင် ၎င်းတို့အစိုးရလက်ထက် ရပ်ဆိုင်းထားရန် သမ္မတဦးသိန်းစိန်က ဆုံးဖြတ်ခဲ့သည်။



ဦးဇခုန်တိန်ယိန်းပိုင် မာန်ဒေါင်လုပ်ကွက်ရှိ ဆန်းလင်းအင်တာနေရှင်နယ် အိတ်စ်ပို့အင်ပို့ကုမ္မဏီလီမိတက်

0 comments: